Ddeok Bok Ki (တော့ပူကီ)

Share this on:

ဒီနေ့တော့ ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ မင်းသား မင်းသမီးတွေ မြိန်ရေရှက်ရေ စားကြတဲ့ Ddeok Bok Ki (ကိုရီးယား Rice Cake) လေးဘယ်လိုချက်လဲဆိုတာ ပြောပြပါ့မယ်

100

ပါဝင်ပစ္စည်းများ

  • Rice Cake - 300 g
  • ကိုရီးယားငရုပ်သီးအနှစ် (Korean Chili Paste) - 4 Tablespoons
  • Korean Hot Pepper - 1 Tablespoon
  •  ငါးအသားပြား (Fish Cake) - 5
  • သကြား (Sugar) - 1 Tablespoon
  • ငါးနီတူ (Anchovies) - 10 Pcs
  • ရေ (Water)
  • ကြက်သွန်ဖြူ (Garlic)
  • ငံပြာရည် (Soya Sauce)
  • မုန်လာဥနီ
  •  ဂေါ်ဘီ
  •  ကြက်သွန်မြိတ်
  • ကြက်ဥ
  • ခေါက်ဆွဲခြောက်

ပြုလုပ်ပုံ

  1. ပထမဦးစွာ Anchovies (ငါးနီတူ) ငါးခြောက်အကြီးဆယ်ကောင်လောက်ကို ရေထည့်ပြီးပြုပ်ပါ ။  ရေအရောင်ပြောင်းပြီး ငါးများနူးလာလျှင် ဆယ်ထုတ်လိုက်ပါ ။ ငါးခြောက်အရည်ကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ် ။
  2. ထို့နောက် ငါးခြောက်အရည် 700 ml (မီလီလီတာပါသော ချိန်ခွက်ဖြင့် ချိန်လို့ရပါတယ်) မရှိလျှင် လက်တစ်ဆစ်ကျော်လောက် မှန်းထည့်လို့ရပါတယ် ။  ငါးခြောက်ရည်ထဲသို့ အထက်မှာဖော်ပြထားသော အချိုးအတိုင်း ကိုရီးယားငရုပ်သီးအနှစ် ၊ ငရုပ်သီးမှုန့် ၊ သကြား ၊ ကြက်သွန်ဖြူ ၊ ငံပြာရည်(Soyar Sauce Light) တို့ကို ထည့်၍ မီးအေးအေးထားပြီး မွှေပေးပါ ။
  3. ထို့နောက် Rice Cake ကိုထည့်ပါ ။ Rice Cake များနူးလာလျှင် Fish Cake (ငါးအသားပြား) ပုံတွင်ကြည့်နိင်ပါသည် ။  အရှည်လိုက် အစောင်းလေးတွေ လှီးပြီး ထည့်ပါ ။ ထို့နောက် မုန်လာဥနီ ၊ ဂ်ါဘီ ၊ ကြက်သွန် ၊ ကြက်သွန်မြိတ် ကြိုက်နှစ်သက်ရာ အရွက်များ ထည့်၍ စားသုံးနိုင်ပါသည် ။
မှတ်ချက်။      ။ ကိုရီးယားများသည်   တော့ပူကီထဲသို့   ခေါက်ဆွဲခြောက်ကို ရေနွေးဖျော၍ ထည့်စားပါသည် ။ Sausage (ဝက်အူချောင်း) များကို ပါးပါးလှီး၍ ထည့်စားပါသည် ။ Seafood ၊ ဝက်သား ကြိုက်နှစ်သက်ရာ အသားများထည့်၍လည်း စားသုံးနိုင်ပါသည် ။

Credit: Z.TT

Review

User Rating

3 (3 Votes)