အမျိုးသမီးတွေဟာ ကင်ဆာနဲ့ ပတ်သတ်လို့ ပုံမှန်စစ်ဆေးပေးသင့်ပါဘူး။ အမျိုးသမီးတွေမှမဟုတ်ပါဘူး လူတိုင်းလည်း ကင်ဆာနဲ့ပတ်သတ်လို့ သတိရှိ နားလည်နေသင့်ပါဘူး။ ပုံမှန်စစ်ဆေးမှုလုပ်တာက ပိုပြီးကောင်းမွန်ပါတယ်။ ကျွန်မတို့ ခန္တာကိုယ်မှာ အခုအောက်မှာ ဖော်ပြတဲ့ လက္ခဏာရပ်တွေကို မျှဝေပေးချင်ပါတယ်။

ခါးနာခြင်း

Closeup rear-view of a young woman suffering from back pain

မကြာခဏဆိုသလို ပုံမှန်ဟုတ် အကြောင်းပြချက်မရှိဘဲ ခါးနာတာဟာ အသည်းကင်ဆာနဲ့ ဆက်စပ်နေတတ်ပါတယ်။ အသည်းကင်ဆာဖြစ်နေတဲ့ လူနာတွေဟာ ခါးနာတတ်ပါတယ်။ ဒါပေမယ့် အသည်းကင်ဆာဟာ ခါးနာတာတစ်ခုတည်းနဲ့ ဆက်စပ်နေတာတော့မဟုတ်ပါဘူး။ ရင်သားကင်ဆာကလည်း တခါတလေ ခါးနာတာနဲ့ ဆက်စပ်နေပါတယ်။

လက်သည်းအရောင်ပြောင်းလာခြင်း

lifted-nail-329

IMG_8324

DA3C14FF3

လက်သည်းတွေ အရောင်ပြောင်းလာပြီဆိုရင် မပေါ့သင့်ပါဘူး။ အရောင် အရမ်းဖျော့တာ အရမ်းဖြူတာမျိုးဆိုရင် အသည်းကင်ဆာနဲ့ ဆက်စပ်နေပြီး အညိုရောင် အမည်းရောင်ဖြစ်ရင်တော့ အရေပြားကင်ဆာနဲ့ ဆက်စပ်နေနိုင်ပါတယ်။ လက်သည်းမှိုတက်တာ ကောက်ကောက်ကြီးဖြစ်လာတာမျိုးဆိုရင်တော့ အဆုတ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။

မျက်နှာရောင်ခြင်း

အဆုတ်ကင်ဆာလူနာတော်တော်များများက မျက်နှာရောင်တာ မျက်နှာနီတာမျိုးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဆုတ်ကင်ဆာအကျိတ်ဟာ ရင်ဘတ်နားက သွေးကြောတွေကို ပိတ်ထားပြီး မျက်နှာအတွင်း သွေးစီးဆင်းမှုကို ကန့်သတ်ထားလို့ဖြစ်ပါတယ်။

အသားအရေမှာ အနာဖုပေါက်ခြင်း

Lymph_node_abscess_with_cellulitis.

အသားအရေမှာ အနာဖုတွေပေါက်တယ်ဆိုရင် အရေပြားကင်ဆာနဲ့ ဆက်စပ်နေပါတယ်။

နို့သီးခေါင်းအရောင်ပြောင်းလာခြင်း အရည်ကြည်ထွက်ခြင်း

breast_4

နို့သီးခေါင်းအရောင်ပြောင်းလာတာ အရည်ကြည်ထွက်တာမျိုးဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ချေရှိပါတယ်။

ရင်သားနီခြင်း ရောင်ခြင်း နာခြင်း အကြိတ်စမ်းမိခြင်း

အဲဒီလိုလက္ခဏာမျိုးဆိုရင်လည်း ရင်သားကင်ဆာ နဲ့ ဆက်စပ်နေပါတယ်။

အသက်ရှုကျပ်ခြင်း

160937541

အသက်ရှုကျပ်တာက အဆုတ်ကင်ဆာနဲ့ ဆက်စပ်ပါတယ်။

နာတာရှည်ချောင်းဆိုးခြင်းနဲ့ ရင်ဘတ်နာခြင်း

shortness-of-breath

နာတာရှည်ချောင်းဆိုရင်တော့ ကျူမာ နဲ့ သွေးကင်ဆာတို့နဲ့ ကင်ဆာနေပါတယ်။ ရင်ဘတ်နာတယ်ဆိုရင်လည်း အဆုတ်ကင်ဆာနဲ့ ဆက်စပ်ပါတယ်။

မကြာခဏဖျားခြင်း

sinus infection fever

မကြာခဏဆိုသလို ဖျားတာမျိုးဆိုရင် သွေးကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ သွေးဆဲလ်တွေမှာ ရောဂါကူးစက်ခံရရင် ခန္တာကိုယ်ထဲက စွမ်းအင်တွေကို ဖယ်ထုတ်ပစ်လိုက်လို့ပါ။ ဆရာဝန်ဆီအရင်သွားသင့်ပါတယ်။

မျိုချဖို့ခက်ခဲခြင်း

Woman feeling glands

ချောင်းဆိုနေတာက ပြဿနာမဟုတ်ပေမယ့် တစ်ခုခုကို မျိုချဖို့ခက်ခဲတယ်။ တံထွေးတို့ကိုတောင် မျိုချလို့မရဘူးဖြစ်နေရင်တော့ လည်ပင်ကင်ဆာ (သို့) အဆုတ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။

ပုံမှန်ဟုတ်တဲ့ အညိုအမည်းစွဲခြင်း သွေးထွက်တာမရပ်ခြင်း

Bruises

သွေးကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ သွေးကင်ဆာဆဲလ်တွေဟာ သွေးနီဆဲလ်တွေထက် ပိုပြီးများနေတဲ့အခါ ဖြစ်နိုင်ပါတယ်။

သားအိမ်ကင်ဆာ

AJ7GTW_period-pains_377x171

အမျိုးသမီးတွေအဖြစ်များတဲ့ ရောဂါတစ်ခုပါ။ နုံးချည့်ညောင်းညာခြင်း၊ တင်ပဆုံနာကျင်ကိုက်ခဲခြင်း၊ ၀မ်းဗိုက်ဖောင်းခြင်း၊ ခါးအောက်ပိုင်းကြာရှည်ကိုက်ခဲခြင်း၊ ပုံမမှန်သွေးဆင်းခြင်း၊ မိန်းမကိုယ်မှာ အနာဖြစ်ခြင်း၊အရည်ကြည်ဖြစ်ခြင်း၊ ပုံမမှန်အရည်တွေဆင်းခြင်း စတဲ့လက္ခဏာရပ်တွေဆိုရင် Ultrasound ရိုက်သင့်ပါတယ်။ သားအိမ်ကင်ဆာ ဖြစ်နိုင်ချေရှိပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း

Weakness-and-Fatigue-810x400

ဘာမှမလုပ်ဘဲ ရုပ်တရက်ဆိုသလို ပင်ပန်းနွမ်းနယ်နေတာမျိုး မကြာခဏဖြစ်တတ်ရင် ကင်ဆာနဲ့ဆက်စပ်နေပါတယ်။

ကိုယ်အလေးချိန်မူမမှန်ခြင်း

hypothyroidism-weight-loss-722x406

ရုတ်တရက် ကိုယ်အလေးချိန် အများကြီးကျဆင်းတာက ကောင်းတဲ့လက္ခဏာတစ်ခုမဟုတ်ပါဘူး။ အစာချေလမ်းကြောင်းဆိုင်ရာ ကင်ဆာ ဖြစ်နိုင်ပါတယ်။