အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်ဥ ပူတင်း ပူပူလေး လုပ်စားနည်းကို မျှဝေပေးချင်ပါတယ်။ အဆာပြေပဲစားစား၊ အချိုပဲတည်းတည်း အဆင်ပြေပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၁၀ လုံး
  • နွားနို့ ၁ လီတာ
  • သကြား ၁၀ ကျပ်သား

  • ဂျုံမှုန့် ထမင်းစားဇွန်း ၅ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊
  • Vanilla ၁ စက် ခန့် (မရှိရင်လည်း မထည့်လို့ရပါတယ်)
  • ထောပတ် ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး ကြက်ဥကို ခလောက်ပြီး သေချာ ခေါက်မွှေပါ။ သကြားနဲ့ နွားနို့ ဆားရောပြီး ၁၀ မိနစ်လောက် ထပ်မွှေပါ။ ဂျုံ မှုန့်ကို ဇကာနဲ့ စစ်ပြီး ရောမွေလိုက်ပါ။

ဖုတ်မယ့်ဘန်းကို ထောပတ် နဲ့ နှံ့အောင်သုတ်ထားပါ။

အိုးထဲထည့် မီးနဲနဲလေးနဲ့ ကြက်ဥရည် ပျစ်လာအောင် ကျိုပါ။ အဆက်မပြတ် မွေနေရပါမယ်။ Vanilla တစ်စက်လောက်ထည့်ပါ။ မိနစ် ၂၀ လောက် ကျိုရပါတယ်။

ပျစ်လာရင် ဖုတ်မယ့်ဘန်း ထဲထည့်လိုက်ပြီး အပူချိန် ၁၆၀ ဒီဂရီ စင်တီဂရိတ် မိနစ် ၃၀ ဖုတ်ပါ။ အနီရောင်သမ်းလာရင် အအေးခံပါ။ လုံးဝအေးသွားမှ ရေခဲသေတ္တာထဲ ၁ နာရီလောက်ထည့်လိုက်ပါ။

တကယ်လို့ မီးမဖုတ်ချင်ဘူးဆိုရင် မီးအပူခံတဲ့ ပန်းကန်လေးထဲထည့်ပြီး အိုးထဲထည့်လိုက်ပါ။ပြီးရင် ရေထည့်လိုက်ပြီး ရေပွက်ပွက်ဆူလာတဲ့အခါ မိနစ် ၂၀ လောက် ပေါင်းထားလိုက်ပါ။ အငွေ့လေးတွေနဲ့ ကျက်သွားမှာဖြစ်ပါတယ်။ ဒါဆို ပူပူလေးစားချင်ရင် ပူပူလေးစားပြီး အေးအေးလေးစားချင်ရင် ရေခဲသေတ္တာထဲထည့်လိုက်ပါ။

By: Myfood Myanmar