တကယ်ပါ။ ပန်းသီးအကြွပ်ကြော်က အရမ်းစားလို့ကောင်းသလို အရသာလည်းရှိလှပါတယ်။ အသစ်အဆန်းလေးတစ်မျိုးပေါ့နော်။ ကလေးတွေအတွက် သွားရည်စာအနေနဲ့ လုပ်ပေးလို့ရသလို အားလပ်ချိန်တွေမှာ အဆာပြေမုန့်တစ်မျိုးအနေနဲ့လည်း လုပ်စားလို့ရပါတယ်။ လုပ်ရတာလည်း လွယ်ကူလို့ ခုပဲ ကြော်စားလိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပန်းသီး
  • ဂျုံမှုန့်
  • ဆား
  • သကြား

apple-cinnamon-rings

  • သစ်ဂျပိုးခေါက်
  • နွားနို့
  • ကြက်ဥ

ပြုလုပ်နည်း

ဇလုံတစ်လုံးတွင် ဂျုံမှုန့် မုန့်ဖုတ်ဆော်ဒါ မြေပဲဆံမှုန့် သစ်ဂျပိုးခေါက်မှုန့် ဆား သကြားတို့ကို ထည့်၍ သမအောင်မွှေပါ။

အခြား ဇလုံတစ်လုံးတွင် နွားနို့နှင့် ကြက်ဥကို ရော၍ ခေါက်ထားပါ။ – မွှေပြီးသား နှစ်မျိုးကို ရော၍ သမအောင် ပြန်မွှေပါ။

ပန်းသီးများကို အကွင်းလိုက် မထူမပါးလှီးထားပါ။

ထို့နောက် အလယ်မှ ပန်းသီးအူတိုင်ကို ဇွန်းဖင်ဖြင့် အသာအယာထိုး၍ အကွင်းပုံစံရအောင် အလယ်မှ အပေါက်ဖောက်လိုက်ပါ။ ပန်းသီးကွင်းများကို အညိုရောင်ပြောင်းမသွားရန် ရေခဲရေစိမ်ပေးထားပါ။

ဒယ်အိုးထဲတွင် ဆီထည့်ပါ။ အကြွပ်ကြော်မည်ဖြစ်သောကြောင့် ဆီများလျှင် ပိုကောင်းပါသည်။

ဆီပူလာလျှင် ပန်းသီးကွင်း တစ်ကွင်းချင်းစီကို ရေစစ်၍ အနှစ်ထဲသို့ စိမ်လိုက်ပါ။

ထို့နောက် အနှစ်စိမ်ထားသော ပန်းသီးကွင်းများကို ဆီနှင့်ကြော်ပါ။

ရွှေဝါရောင် သမ်းလာလျှင် အရသာရှိသော ပန်းသီးအကြွပ်ကြော်ရပါပြီရှင်။

အပြင်က နွားနို့နဲ့ဂျုံမှုန့်ရောထားတဲ့ အရသာစိမ့်စိမ့်လေးရယ် အထဲက ပန်းသီးရဲ့ချိုချဉ်ချဉ်အရသာလေးရယ် ပေါင်းနေလို့စားပြီးရင်လည်း ထပ်စားချင်တုန်းပဲ ဖြစ်သွားမှာ အသေအချာပါပဲနော်။

apple-rings-recipefried-apple-rings