ကြက်အူချောင်း၊ ဝက်အူချောင်းလိပ်

ကြက်အူချောင်း၊ ဝက်အူချောင်းအပေါ်မှာ ဂျုံလေးတွေကို ပတ်လိုက်ပါ။ ပြီးရင် ဒယ်အိုးထဲမှာ ကြော်လိုက်ပါ။ အရသာရှိတဲ့ ဂျုံပတ် ကြက်အူချောင်း သို့ ဝက်အူချောင်းလိပ်ရလာပါပြီ။

ကြက်ဥကို အသည်းပုံစံဖြစ်အောင်

သားရေကွင်း၊ စက္ကူလိပ်နဲ့ သစ်သားချောင်းအသေးလေးလိုပါတယ်။ စက္ကူလိပ်ထဲမှာ ကြက်ဥကိုထည့်ပြီး သစ်သားချောင်းကို ကြက်ဥအပေါ်ကနေ တင်လိုက်ပါ။ သစ်သားချောင်းရဲ့ အဆုံးနဲ့ အစကို ချည်ထားလိုက်ပါ။ အချိန်ခဏလောက်ထားလိုက်ပြီး ပြန်ဖြုတ်လိုက်ပါ။ ကြက်ဥကို ခွဲလိုက်ရင် အသည်းပုံစံပေါ်လာပါတယ်။

ဂျယ်လီနဲ့ Sprite ရေခဲချောင်း

ရေခဲချောင်းလုပ်တဲ့ မှိုပုံစံထဲမှာ ဂျယ်လီလေးတွေထည့်ပါ။ ပြီးရင် Sprite ကိုလောင်းထည့်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ထည့်ပြီး ခဲထားလိုက်ပါ။ ဒါဆိုရင် အရသာရှိတဲ့ ဂျယ်လီ၊ Sprite ရေခဲချောင်းကို ရရှိမှာဖြစ်ပါတယ်။

ပန်းသီး ယိုသုတ်

ပန်းသီးကို ပါးပါးလေးလှီးလိုက်ပါ။ ပြီးရင် ပန်းသီး အပြားလေးတွေကိုအပေါ်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ယို သို့မဟုတ် မြေပဲယို၊ Almond ယိုတို့ကို သုတ်လို့ရပါတယ်။ ပြီးရင်အပေါ်မှာ မြေပဲတွေ၊ အခွံမာအသီးလေးတွေထည့်ပြီး စားလို့ရပါတယ်။