အားလုံးပဲ မင်္ဂလာပါ။ အစားအသောက်ခုံမင်နှစ်သက်တဲ့ Foodies လေးတို့ရေ… မိမိစိတ်ကြိုက် အစားတွေ အများကြီးစားထားပြီးမှ ကိုယ်အလေးချိန် တက်လာလို့ စိတ်ညစ်နေပြီလား။

ဘွဲ့ယူရမယ့် အခမ်းအနားရှိတဲ့အခါ၊ သူငယ်ချင်း မင်္ဂလာဆောင် တက်ရမယ့်အခါ စတဲ့ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ၊ ကိုယ်တိုင်ကိုက သွယ်လျ လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်လာလို့ပဲဖြစ်စေ ဝိတ်ချချင်လာပြီဆို အခုဖော်ပြပေးမယ့် သစ်သီးဖျော်ရည်လေးတွေကိုသာ နေ့စဉ်မှန်မှန် သောက်သုံးပေးလိုက်ပါ။

လတ်ဆတ်တဲ့သစ်သီးဖျော်ရည်လေးတွေက လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ခန္ဓာကိုယ် သွယ်လျလှပစေမယ့်အပြင် အသားအရေကြည်လင်ဝင်းပ စိုပြေစေမှာမို့လို့ နေ့စဉ်မှန်မှန်သောက်သုံးဖို့ အကြံပေးလိုက်ပါရစေ။

ပန်းသီးဖျော်ရည်

ပန်းသီးဖျော်ရည်လို့ နာမည်ပေးထားပေမယ့် ပါဝင်ပစ္စည်းတွေကတော့ ပန်းသီးတစ်မျိုးတည်းမဟုတ်ပါဘူး။ ပန်းသီးတစ်လုံး၊ အတုံးသေးသေးလေး တုံးထားတဲ့ နာနတ်သီး ၁၅ အောင်စ၊ မုန်လာဥနီအကြီး ၂ လုံး၊ ချင်းတုံး အသေးနှစ်တုံးတို့လိုအပ်ပါမယ်။ အဲဒီပါဝင်ပစ္စည်းတွေကို အတုံးခပ်သေးသေး တုံးလိုက်ပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်ပြီး ရေတစ်ဖန်ခွက်ခန့်ထည့်ကာ မွှေပေးလိုက်ပါ။ ရလာတဲ့ ဖျော်ရည်ကို ဖန်ခွက်ထဲထည့်ပြီး နေ့စဉ်မှန်မှန်သောက်သုံးပေးမယ်ဆိုရင် ဝိတ်ကျသွားပါလိမ့်မယ်။

ပန်းသီး၊ သံပုယိုသီး၊ သခွားသီးဖျော်ရည်

ပန်းသီးလေးလုံး၊ သံပုယိုသီး ၂ လုံး၊ သခွားသီး ၂ လုံးတို့ကို အတုံးသေးသေးတုံးပြီး သစ်သီးဖျော်စက်ထဲထည့်လိုက်ပါ။ ရေဖန်ခွက်ဝက်ခန့်ထည့်ပြီး မွှေပေးလိုက်ပါ။ ဒါဆိုရင်တော့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်နောက်တစ်မျိုး ရရှိသွားပါလိမ့်မယ်။

လိမ္မော်ဖျော်ရည်

ပါဝင်ပစ္စည်းတွေကတော့ ပန်းသီး ၂ လုံး၊ တရုတ်နံနံ ရိုးတံ ၂ ခု၊ အခွံခွားထားပြီးသား လိမ္မော်သီး ၁ လုံး၊ သစ်တော်သီး ၂ လုံး၊ ၅ လက်မရှည်တဲ့ ကန်စွန်းဥ ၁ လုံးတို့ဖြစ်ပါတယ်။ ထိုပါဝင်ပစ္စည်းတွေကို သစ်သီးဖျော်စက်ထဲထည့်ပြီး ရေ ဖန်ခွက်ဝက်ခန့်ထည့်ကာ ဖျော်ပေးလိုက်ပါ။ ကိုယ်အလေးချိန် လျော့ချပေးမယ့် ဖျော်ရည်တစ်ခွက် ရရှိသွားပါလိမ့်မယ်။

Source: loseweightbyeating.com