ဆီးချိုဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ်ပြီး အစားရှောင်ရတဲ့ စိတ်ပျက်စရာ ရောဂါတစ်မျိုးပါ။ ဆီးချိုမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ Healthy Eating ကို ကျင့်ပြီး စားလို့ရသလို အချို့အစားအစာတွေကလည်း ဆီးချိုမတက်အောင် ထိန်းပေးနိုင်တဲ့ အစွမ်းတွေရှိပါတယ်။

၁။ အစားအစာကို အချိုးညီစွာ စားကြမယ်

diabetic-diet-tips-have-coffee

မြန်မာလူမျိုးတွေရဲ့ အဓိက အစားအစာဟာ ထမင်းဖြစ်ပါတယ်။ ကျွန်မတို့ဟာ ထမင်းကို မစားရရင် မနေနိုင်တဲ့ လူတွေပါ။ ကာဗွန်ဟိုက်ဒရိတ်တွေ အရမ်းများတဲ့ အခါ ဆီးချိုတက်စေတဲ့ အကြောင်းတစ်ခု ဖြစ်လာပါတယ်။ ဒါ့ကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာကို အချိုးညီစေဖို့ ပြန်ပြီး ပြင်ဆင်ရပါမယ်။ ကနေဒါ ဆီးချိုကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တစ်နေ့မှာ အသီးအရွက် ၂မျိုး အနည်းဆုံး စားပေးမှာဖြစ်ပြီး ထမင်း၊ ဂျုံနဲ့ အသားတွေကို တလှည့်စီ စားပေးရမယ်လို့ ဆိုပါတယ်။ ဒီထဲမှာ ကြက်ဥလို ပဲပြားလို အရာတွေလည်းပါပါတယ်။

၂။ ကော်ဖီသောက်ပါ

diabetic-diet-tips-balanced-diet-1024x683

ကော်ဖီလို့ ဆိုတာနဲ့ အသင့်ဖျော် အထုပ်တွေကို ပြေးမြင်ကြပါတယ်။ မဟုတ်ပါဘူး။ ကော်ဖီမှုန့်ကနေ ရတဲ့ ကော်ဖီစစ်စစ်ကို ပြောတာပါ။ ဒီလို ကော်ဖီကို သောက်ခြင်းဟာ  ဆီးချိုဖြစ်ပွားမှုကို လျှော့ချစေနိုင်ပါတယ်။ တစ်နေ့ကို ၂ ခွက်အပြင် ပိုမသောက်သင့်ပါဘူး။

၃။ ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် အဆီစားပါ

အဆီစားပါလို့ ပြောခြင်းဟာ ကြက်ကြော်တစ်ခြမ်းလုံး စားခိုင်းတာ မဟုတ်သလို ဆီပြန်ဟင်းတွေ စားခိုင်းတာ မဟုတ်ပါဘူး။ ဓာတ်တိုးတွေ မပါဝင်တဲ့ ကျန်းမာတဲ့ အဆီတွေကို စားပေးရမှာပါ။ အစေ့အဆန်ကနေ ရတဲ့ အဆီနဲ့ ငါးတွေကနေ ရတဲ့ အဆီဟာ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးပါပဲ။ ငါးများများ စားခြင်းဟာ ဆီးချိုတင်မကဘဲ အခြား ရောဂါတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Featured Image Source: Daily Express