အရသာရှိပြီး အရည်ရွှမ်းတဲ့ဖရဲသီးကို မြန်မာနိုင်ငံမှာ တကယ်ကို လူကြိုက်များပါတယ်။ ဖရဲသီးကိုစားသုံးပြီး တချိန်တည်းမှာပဲ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေအများအပြားရရှိစေပါတယ်။

watermelon-wonder-at_0

နှလုံးကျန်းမာရေး

watermelon

ဖရဲသီးမှာ ဗီတာမင် C, Potassium ပါဝင်လို့ ကိုလက်စထရောပမာဏကိုလျှော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကျောက်ကပ်

ကျောက်ကပ်မှာကျောက်တည်ဖူးတဲ့သူတွေအနေနဲ့ ဘယ်လောက်နာကျင်သလဲဆိုတာ သိကြမှာပါ။ ဒီတော့ ကျောက်ကပ်ကျန်းမာဖို့ အထူးဂရုစိုက်သင့်ပါတယ်။ ဖရဲသီးကိုစားပေးတာဟာ ဆီးသွားမှန်စေပြီး ကျောက်ကပ်ဆိုင်ရာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

သွေးတိုးကျစေခြင်း

Watermelon WIDE(1)

သွေးတိုးတဲ့သူတွေအတွက် ဖရဲသီးကိုစားပေးသင့်ပါတယ်။ ဖရဲသီးမှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝစာပါဝင်လို့ သွေးတိုးကျစေပါတယ်။

ဆီးကျိတ်ကင်ဆာ

Watermelon slices on the wooden table

ဖရဲသီးမှာ Antioxidant ပါဝင်လို့ ဖရဲသီးကိုပုံမှန်စားပေးတာ ဆီးကျိတ်ကင်ဆာကို သက်သာစေပါတယ်။

အသားအရေ

woman-eating-watermelon

ဖရဲသီးမှာ ဗီတာမင် A ပါဝင်လို့ ဖရဲသီးကိုစားပေးတာဟာ အသားအရေက နုပျိုစိုပြေစေပါတယ်။