1

လူတွေဟာ ကျန်းမာစွာ နေထိုင်ပြီး လှပတဲ့ ဘဝကို ပိုင်ဆိုင်ချင်ကြသူများပါတယ်။ ကျန်းမာစွာ နေထိုင်ဖို့က အစားအသောက် အနေအထိုင် ဂရုစိုက်ပြီး ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတွေ လိုပါတယ်။ ဒါကြောင့် ကျန်းမာစွာ စားသောက်ရင်း ကိုယ်အလေးချိန် လျှော့ချပေးနိုင်တဲ့ Diet Plan တစ်ပတ်စာကို မျှဝေချင်ပါတယ်။ Diet Plan တွေဟာ ကိုယ်အလေးချိန် လျှော့ချဖို့ တစ်ခုထဲ အတွက် မဟုတ်ပါဘူး။ မိမိရဲ့ Lifestyle ကိုပါ ပြောင်းလဲ ပစ်နိုင်ပါတယ်။ တစ်ပတ်စာ ဖြစ်တာကြောင့် တနင်္လာနေ့ကနေ စတင်ရမှာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ ပြီးဆုံးပါတယ်။ တစ်ရက်ချင်းစီ Plan တွေကို ရေးသွားမှာပါ။

 

အခု တစ်ပတ် ၁၀ပေါင်ကျစေမယ့် အစီအစဉ်ရဲ့ ပထမဆုံးရက်မှာ စားသောက်ရမယ့် ပုံစံတွေကို မျှဝေချင်တွချည်းပါပဲ။ ပထမဆုံးရက်အတွက် အသီးအနံှတွေကတော့ ပန်းသီး၊ ဖရဲသီးနဲ့ လိမ္မော်သီးတို့ပါ။ အသီးအနှံတွေကို သင် ဗိုက်ဆာတိုင်း စားလို့ ရပါတယ်။ ဘယ်လောက် စားရမယ်ဆိုတာ မသတ်မှတ်ထားပါဘူး။

 

သတိပြုရန်

ပထမဆုံးရက်မှာ အသီးအနှံတွေ စားရပါမယ်။ ဒါပေမယ့် ဒီ အစီအစဉ် ၇ရက်လုံးမှာ သင်ဟာ အသီးအနှံချည်း စားလို့ မရပါဘူး။ အသီးအနှံတွေ မှာ လိုအပ်တဲ့ ပရိုတင်းနဲ့ အသားဓာတ်ကို မပေးနိုင်စွမ်းပါဘူး။ ၇ရက်လုံးအသီးတွေချည်းပဲ စားမယ်ဆိုရင်တော့ အန္တရာယ် ရှိတဲ့ အတွက် မစားဖို့ အထူး သတိပြုရပါမယ်။ အစီအစဉ်ထဲမှာ ပါတဲ့ တစ်ရက်ချင်းစီ အလိုက် စားရမယ့် အစားအစာတွေကို ဖော်ပြပေးမှာပါ။ အခြားအစားအစာတွေ စားလို့ မရပါဘူး။

 

Day One – စားခွင့်ရှိတဲ့ အသီးအနှံများ

3

– ပန်းသီး နှစ်လုံးနဲ့ သလဲသီး တစ်လုံး (သို့) ပန်းသီး တစ်လုံးနဲ့ လိမ္မော်သီး တစ်လုံး (သို့) သလဲသီး တစ်လုံး

 

***တစ်ရက်လုံးစာ လိုအပ်တဲ့ အသီးအနှံ ပမာဏ***

တစ်ရက်လုံး ကုန်သွားတဲ့ အခါ သင်ဟာ ဖော်ပြပါ အချိုးအစားအတိုင်း အသီးတွေကို စားပြီးနေရပါမယ်။

– ပန်းသီး ၄လုံး

– လိမ္မော်သီး ၄လုံး

– ဖရဲသီး ၁လုံး

– သလဲသီး ၂လုံး

4

အချို့ကလည်း ဗိုက်ဆာရင် အချိုနည်းမယ့် အသီးတွေကို စားနေလို့ရပါတယ်။ ဝိတ်ကျချင်ဇောနဲ့ အရမ်း အဆာခံဖို့ မလိုပါဘူး။ သတိပြု ရမှာကတော့ အချိုများတဲ့ အသီးတွေ မစားမိဖို့ပါပဲ။ အသီးအနှံတွေဟာ ကျန်းမာစေတဲ့ ဝိတ်ကျနည်းတွေပါပဲ။ Grapefruit သီးကိုလည်း လိမ္မော်သီး နေရာမှာ အစားထိုး စားလို့ရပါတယ်။ ပန်းသီးကို စားမယ်ဆိုရင်တော့ ဝိတ်ကျစေဖို့ အတွက် တွဲပြီး စားပေးရပါတယ်။ ပန်းသီးနဲ့ အခြားအသီး တစ်မျိုး တွဲစားခြင်းဟာ ဝိတ်ကျဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပါ။

 

Day One – သောက်လို့ရတဲ့ အရည်များ

5

– အနည်းဆုံး ရေ ဖန်ခွက်နဲ့ ၁၂ခွက် သောက်ရပါမယ်။

– Weight Loss drink (အောက်မှာ ပြုလုပ်ပုံဖော်ပြပေးထားပါတယ်)

– လက်ဖက်စိမ်း (ရေနွေးနဲ့သောက်ပါ)

– ကော်ဖီ ( ကော်ဖီအကြမ်းကို ဆီးချိုသမားတွေစားတဲ့ ကော်ဖီမိတ်နဲ့ သောက်လို့ရပါတယ်။ သကြားလုံး၀ မထည့်ရပါ)

6

7

Day One – ပြုလုပ်ရမယ့် လေ့ကျင့်ခန်းများ

Diet Plan  လုပ်တဲ့ အခါ အစားအစာတွေကို ချုပ်တီးနေရလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ယာထဲမှာ နေလို့ မရပါဘူ။ ကိုယ်လက်လှုပ်ရှားမှု မရှိဘူးဆိုရင်တော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် လျှော့ချမှု မဖြစ်လာနိုင်ပါဘူး။ အသားအရေ တင်းရင်းပြီး အဆီတွေ ကျစေဖို့က တစ်နေ့မှာ အနည်းဆုံး နာရီဝက် လမ်းလျှောက်ပေးပါ။ Gym သွား မကစားနိုင်တဲ့ လူတွေကတော့ ရုံးအပြန် ကားစီးရင် တစ်မှတ်တိုင်လောက် လမ်းလျှောက်ပေးပါ။ လှေကားတွေကို အသုံးပြုပေးပါ။

Diet Plan လုပ်ဆောင်တာဟာ ကိုယ်အလေးချိန် လျှော့ချဖို့ တစ်ခုထဲအတွက် မဟုတ်ဘဲ ကိုယ့်ရဲ့ နေထိုင်မှုနဲ့ စားသောက်မှု ပုံစံတွေကို ပြောင်းလဲဖို့ အတွက်ပါ စိတ်မှတ်ပြီး လုပ်ဆောင်မယ်ဆိုရင်တော့ ရက်ပြည့်သွားတဲ့ အခါ ကိုယ်လိုချင်တဲ့ ရည်မှန်းချက် ပြည့်စေမှာပါ။

 

Diet plan ဒုတိယနေ့ ဆက်ရန် >>>>>>>>