Diet Plan စတင်ပြီး လုပ်ခဲ့တာ ဒီနေ့ဆို ၄ရက်မြောက်နေ့ကို ရောက်လာပါပြီ။ ကိုယ်တိုင် ဘာတွေ ထူးခြားသွားလဲ ဆန်းစစ်ကြည့် သင့်ပါတယ်။ သေချာတာ ကတော့ အစပိုင်း ရက်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခေါင်းမူးတာ၊ ခေါင်းကိုက်တာတွေ သက်သာလာပြီး ဗိုက်အရမ်း မဆာတော့တာတွေ ဖြစ်လာပါလိမ့်မယ်။ ၀မ်းပုံမှန် သွားပြီး နေရတာလည်း ပေါ့ပါး လာပါလိမ့်မယ်။ ဒါဆိုရင်တော့ သင်ရဲ့ Diet Plan တစ်ဝက် အောင်မြင်ပြီဆိုတာ အသေချာပါပဲ။

day4_banana

နောက်မှာ ၃ရက်ပဲ ကျန်တော့တာမို့ ၄ရက်မြောက်နေ့ဟာ စိတ်အတက်ကြွဆုံး နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့မှာ စားရမှာတွေကတော့ ငှက်ပျောသီးနဲ့ နွားနို့ပါ။ တစ်ခုချင်းစီ မစားချင်ရင်တော့ နှစ်ခုကို ရောပြီး Smoothie လုပ်သောက်လို့ ရပါတယ်။

၎ရက်မြောက်နေ့အတွက် Menu လေးကတော့

day4_menu

နွားနို့ဟာ ဒီနေ့ အတွက် အရေးအကြီးဆုံး အရာပါ။ ဘယ်လို နွားနို့မျိုးကို သောက်ရမလဲဆိုတာကတော့ ကယ်လိုရီ လျှော့ပြီးသား နွားနို့ကို သောက်ရပါမယ်။ low fat ဖြစ်တဲ့ နွားနို့ကို သောက်ရပါမယ်။ အခြား ပဲနို့လည်း ရပါတယ်။

စတုတ္ထရက် – သောက်ရမယ့် အရည်များ

အနည်းဆုံး ရေဖန်ခွက် ၁၀ခွက် သောက်ပါ။

မနက်စာ မစားခင် Weight-Loss Drink သောက်ပါ။

Green Tea သောက်လို့ ရပါတယ်။

ကော်ဖီ (အချိုမပါတဲ့ အကြမ်း)

day4_dietsoup

Diet Soup

ပါဝင်ပစ္စည်းတွေကတော့

  • ကြက်သွန်နီတစ်လုံး အကွင်းလိုက်လှီးရပါမယ်။
  • ငရုတ်ပွစိမ်း ၂လုံး၊ ခရမ်းချဉ်သီး ၃လုံး
  • ကော်ဖီ တစ်ထုပ် (တစ်နေ့လုံးစာ)
  • မုန်လာထုပ်ရွက် ၂ရွက်
  • မုန်လာဥနီ ၁ လုံး

day4_soup

ပြုလုပ်ပုံ

အားလုံးကို ရောပြီး ရေနဲ့ ရောပြီး ၅မိနစ်လောက် ဆူအောင် ပြုတ်ပါ။ ဆားနဲ့ ငရုတ်သီး ထည့်ပါ။ အစပ် မကြိုက်ရင် မထည့်လည်း ရပါတယ်။ အချဉ်သောက်ချင်ရင်တော့ သံပုရာသီးထည့်ပါ။ ဆားအနည်းငယ် ထည့်ပါ။

လေ့ကျင့်ခန်းကတော့ တတိယရက် အတိုင်းပါပဲ။ ၁၅-၂၅ မိနစ်စာ လမ်းမြန်မြန်လျှောက်ပေးပါ။ ဖော်ပြပါ လေ့ကျင့်ခန်းကို ၅-၁၀ မိနစ်စာ လုပ်ပေးပါ။

original

***သတိပြုရန်*** ဒီနေ့ဟာ နွားနို့ သောက်ရမယ့် နေ့ ဖြစ်တဲ့အတွက် weight loss သောက်ချိန်နဲ့ ခွာပြီး သောက်ပေးပါ။ ၀မ်းမခိုင်တတ်ရင် weight loss ကို ဒီနေ့ အတွက် မသောက်ပါနဲ့

5 ရက်မြောက်နေ့ကတော့ ထမင်းနဲ့ ဟင်းသီးဟင်းရွက် စားရမယ့် နေ့ပါ။

ပဉ္စမမြောက်နေ့ ဆက်ရန်

Review: https://myfoodmyanmar.com/diet-plan-review/
ပထမရက်: https://myfoodmyanmar.com/diet-plan-1st-day/
ဒုတိယရက်: https://myfoodmyanmar.com/diet-plan-2nd-day/
တတိယရက်: https://myfoodmyanmar.com/diet-plan-3rd-day/