အမေရိကန် အာဟာရနဲ့ Diet ပညာရှင်အမျိုးသမီးဟာ ဒီ Plan ကို စတင် တွေ့ရှိခဲ့တာ ဖြစ်ပြီး ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ နည်းလမ်းတစ်ခုပါ။ သီတင်းကျွတ်တော့မှာမို့ မင်္ဂလာဆောင်ကာနီး သတို့သား၊ သတို့သမီးတို့ Diet လုပ်ချင်တယ်ဆိုရင်လည်း ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် Plan လေးလို့ ပြောပါရစေ။

ဒီ Diet Plan လေးကို မရေးခင် Overview အနေနဲ့ ဒီစာကို ရေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ဆောင်းပါးလေးကို ဖတ်ပြီး အတူတူ ပါဝင် လုပ်ဆောင်မယ် ဆိုရင်တော့ တစ်ရက်ချင်းစီ စားရမယ့် Plan တွေ အတိုင်း စားရုံပါပဲ။

ဒီPlan ဟာ အစားအစာနဲ့ ဝိတ်ချတာ ဖြစ်တဲ့ အတွက် ပိန်ဆေးတွေ  သောက်ဖို့ မလိုအပ်ပါဘူး။ တကယ်လို့ ဆေးတွေ သောက်နေတဲ့ လူဆိုရင်တော့ ဖြတ်လိုက်ပြီး ဒီနည်းအတိုင်း တစ်ပတ် နေကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ဒီ Diet Plan မှာ ပြောထားတဲ့ အတိုင်း လိုက်နာမယ်ဆိုရင်တော့ တစ်ပတ်ပြည့်တဲ့ အခါ အနည်းဆုံး ၁၀ပေါင် ကျစေပြီး အများဆုံး ၁၅ ပေါင်ကနေ ပေါင် ၂၀ အထိ ကျစေပါတယ်။ သူရဲ့ အားသာချက်ကတော့ အသားအရေကို ကြည်လင် လာစေနိုင်ပြီး အစာချေ စနစ်ကိုလည်း ကောင်းမွန် သွားစေနိုင်ပါတယ်။

ကိုယ်တွင်းက အဆိပ်တွေကိုပါ ရှင်းလင်းသွားစေတဲ့ အတွက် စိတ်ရောကိုယ်ပါ ပေါ့ပါး လန်းဆန်း သွားစေမယ့် နည်းလမ်းလေးတစ်ခု ဖြစ်ကြောင်း သတင်းပါး ပါရစေ။

တစ်ပတ်အတွင်း ရက်အလိုက် စားရမယ့် အစားအစာတွေကို အကျဉ်းချုပ် ဖော်ပြပေးထားပါတယ်။ ကိုယ်လုပ်နိုင် မလုပ်နိုင် ဆုံးဖြတ်ရာမှာ  အသုံးဝင်ပါလိမ့်မယ်။

Diet Plan

Diet Plan

Day 1 – အချိုနည်းတဲ့ အသီးအနှံများစားရပါမယ်။ ငှက်ပျောသီးရှောင်ပါ။ ပန်းသီး၊ သလဲသီးနဲ့ လိမ္မော်သီး၊ ဂရိတ်ဖရုသီး တို့ စားလို့ရပါတယ်။ ရေ ၁၂ ခွက် သောက်ရပါမယ်။

Day 2– အရွက် သီးသန့် စားရပါမယ်။ မနက်ခင်းကို အာလူးပြုတ်နဲ့ စတင်ပြီး တစ်နေကုန် ကြိုက်နှစ်သက်တဲ့ Salads တွေ စားလို့ရပါတယ်။ ရေ ၁၂ခွက် သောက်ရပါမယ်။

Day 3 – အသီးရော အရွက်ပါ စားရပါမယ်။ အာလူးနဲ့ ငှက်ပျောသီး ရှောင်ပါ။ ရေ ၁၂ခွက် သောက်ရပါမယ်။

Day 4 – တစ်နေကုန် ငှက်ပျောသီး ၈လုံး စားရပါမယ်။ အသီးအရွက် စွပ်ပြုတ်တွေ သောက်ရပါမယ်။ နွားနို့ ၃ခွက် နဲ့ ရေ ၁၂ခွက် သောက်ရပါမယ်။

Day 5 – ခရမ်းချဉ်သီး အရွယ်တော် ၆လုံး စားရပါမယ်။ ထမင်း ပုဂံလုံး တစ်လုံးစားရပါမယ။် အသီးတွေနဲ့ အရွက်ပြုတ်ရည်တွေ သောက်ရပါမယ်။ ရေ အနည်းဆုံး ၁၀ ခွက် သောက်ရပါမယ်။

Day 6 – ထမင်းအနည်းငယ် စားလို့ရပါတယ်။ အရွက်စွပ်ပြုတ် ၃ကြိမ် သောက်ရပါမယ်။ ရေ၁၀ခွက် သောက်ရပါမယ်။

Day 7 – ထမင်းအနည်းငယ် စားလို့ ရပါတယ်။ Salad နဲ့ အရွက်စွပ်ပြုတ်တွေ သောက်ရပါမယ်။ ရေ၁၀ခွက်နဲ့ အသီးဖျော်ရည် ၁ခွက် သောက်ရပါမယ်။

လိုက်နာရမယ့်အချက်များ

ရက်အလိုက် ပြောထားတဲ့အတိုင်း စားရပါမယ်။ အသေးစိတ် အစီအစဉ်တွေကို တစ်ရက်ချင်း ပြောပြထားပေးပါမယ်။ မစားခင် ကိုယ့်ရဲ့ အလေးချိန်ကို ချိန်ထားပါ။ အရက်၊ ဘီယာ၊ ဝိုင် လုံး၀ မသောက်ရပါဘူး။ တစ်ပတ်ပြည့်သွားလို့ ထပ်ချချင်ရင် ၂ရက်ခန့် နားပြီးမှ ပြန်စပါ။

မေးလေ့ရှိတဲ့ မေးခွန်းများ

Question: အိပ်ယာမဝင်ခင် ဗိုက်ဆာတဲ့အခါ ဘာစားရမလဲ?

Answer:  အသီးတစ်ခုခုစားလိုက်ပါ။ ကိုယ်ရောက်နေတဲ့ Day Plan ထဲမှာ ပါတာလည်း စားလို့ရပါတယ်။

Question: Alcohol သောက်လို့ ရပါသလား

Answer: လုံး၀ မရပါ။

Question: ပီကေစားလို့ရပါသလား

Answer: Sugar Free ဆိုရင် ရပါတယ်။

Question: တစ်ပတ်ပြီးသွားပေမယ့် မကျဘူး။ ဘာဆက်လုပ်သင့်ပါသလဲ

Answer: စိတ်ဓာတ်မကျပါနဲ့။ လူတစ်ယောက်နဲ့ တစ်ယောက် ဖွဲ့စည်းပုံချင်း မတူတဲ့ အတွက် အလေးချိန်ဟာ ကိုယ်မှန်းသလောက် မကျနိုင်ရင် ရက်နည်း ငယ်နားပြီး ပြန်စ စားပါ။
ပိုကျချင်လို့ Plan ထဲမှာ ပါတဲ့ ပမာဏထက် လျှော့ပြီး စားရင်တော့ အန္တရာယ်ရှိပါတယ်။ မလုပ်သင့်ပါဘူး။

Question: ကိုယ်ဝန်ဆောင်တွေ စားလို့ရပါသလား

Answer: မရပါဘူး။

Diet Plan ပထမရက် ဆက်ရန် >>>>>>>>

Source: caloriebee, Haris(registered Dietitian and Health blogger)