အားလုံးပဲမင်္ဂလာပါရှင့်။ ဒီတခါမှာတော့ အာလူးကို ခြစ်ပြီး အပြားလေးလုပ်ကာ ကြော်စားလို့ရတဲ့ အာလူးချက်နည်းကို မျှဝေပေးချင်ပါတယ်။

အာလူးက ကလေးရော၊ လူကြီးပါကြိုက်ကြတာဆိုတော့ စာဖတ်သူတို့လည်း အကြိုက်တွေ့လိမ့်မယ်လို့ ယုံကြည်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • အာလူးအကြီး ၁ လုံး
  • ကြက်ဥ ၁ လုံး (ခလောက်ပြီးမွှေလိုက်ပါ)
  • ပြောင်းဖူးကော်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဆီအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံးအာလူးကိုရေသေချာဆေးပြီး အခွံနွှာလိုက်ပါမယ်။

ပြီးရင် ရလာတဲ့အာလူးကို အဝတ်စအသန့်ထဲထည့်ပြီး ရေသေချာစစ်ပေးလိုက်ပါ။

ကြက်ဥခလောက်ထားတာနဲ့ ပြောင်းဖူးကော်မှုန့်ကိုထည့်ပြီး သေချာရောပေးလိုက်ပါ။

ဆားနဲ့ ငရုတ်ကောင်းမှုန့်ထည့်လိုက်ပါ။

အဲဒီနောက်သေချာမွှေပေးလိုက်ပါ။

ဆီကို အိုးထဲထည့်အပူပေးလိုက်ပါ။

အာလူးရောထားတာကို မိမိစားချင်သလောက်ပမာဏလေးနဲ့ တစ်ခုချင်း သေချာကြော်ပေးနိုင်ပါတယ်။

ကျက်ပြီဆိုရင် ဆီသေချာဆစ်ပြီးသုံးဆောင်နိုင်ပါပြီ။

Source: www.fabhow.com

By: MyFood Myanmar