ညဘက်အိပ်မပျော်တာတွေရဲ့ နောက်ကွယ်အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။

  • စိတ်ဖိစီးမှု
  • စိုးရိမ်ခြင်း
  • အာဟာရ မလုံလောက်ခြင်း
  • အလုပ်လုပ်ချိန် ကြာမြင့်ခြင်း
  • နာကျင်ကိုက်ခဲခြင်း

တို့ကြောင့် ဖြစ်လေ့ရှိပါတယ်။

cinnamon-lose-weight-500x329-1

သစ်ကြမ်းပိုးခေါက်နဲ့ ငှက်ပျောသီး ရေနွေးကြမ်း

ညအိပ်ရာမဝင်ခင် ၁ နာရီအလိုလောက်မှာ သစ်ကြမ်းပိုးခေါက်နဲ့ ငှက်ပျောသီး ရေနွေးကြမ်းကို သောက်ပါ။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး (Organic သုံးရင် ပိုကောင်းပါတယ်) ၁လုံး
  • သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဝက် (2.5 g)
  • ရေ ၁ လီတာ

6 Good Reasons to Eat a Banana Today

ပြုလုပ်နည်း

ငှက်ပျောသီးကို Organic ရရင် ပိုကောင်းပါတယ်။ ငှက်ပျောသီး အခွံကိုပါ သုံးမှာဖြစ်တာကြောင့် ဓာတုဆေးဝါးတွေ မသုံးစွဲဘဲ စိုက်ပျိုးထားတဲ့ ငှက်ပျောသီးဆို ပိုကောင်းပါတယ်။

ငှက်ပျောသီးကို ရေထဲထည့်ပြီး မီးဖိုပေါ်တင်ကာ အပူပေးပါ။

သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရေနွေးထဲထည့်လိုက်ပါ။

banana-cinnamon-tea-recipe-500x312-3

မိနစ် ၂၀ လောက်ပွက်ပွက်ဆူအောင်ထားလိုက်ပါ။ အိုးပေါ်ကချပြီး အဖက်တွေဆည်ပြီး အရည်ဘဲကို ၁၀မိနစ်လောက် အအေးခံပါ။

ပြီးရင် ခရားတစ်ခုထဲထည့်ထားပြီး ညမအိပ်ခင် ၁နာရီအလိုမှာ ဖန်ခွက်တစ်ခွက်စာလောက် သောက်ပေးပါ။ အချိုကြိုက်ရင် ပျားရည်နည်းနည်းထည့်ပေးပါ။ သကြားတော့ မထည့်ပါနဲ့။ သကြားက ညမအိပ်ပျော်အောင် လုပ်ဆောင်နိုင်ပါတယ်။

၁၀ ရက်လောက် သောက်ကြည့်ရင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပါ သက်တောင့်သက်သာဖြစ်ကာ ညအိပ်ပျော်စေမှာဖြစ်ပါတယ်။

sleep-500x346

ငှက်ပျောသီး နဲ့ ငှက်ပျောခွံ

ငှက်ပျောသီးနဲ့ ငှက်ပျောခွံမှာပါဝင်တဲ့ ဓာတ်တစ်မျိုးက ဦးနှောက်ကို စိုးရိမ်ကြောင့်ကြမှုတွေကို လျော့ပါးစေတဲ့ Serotonin ဓာတ်လွှတ်ပေးပြီး ညအိပ်မပျော်တာကို သက်သာစေပါတယ်။

ငှက်ပျောခွံမှာ တခြား အသီးအနှံတွေထက်များတဲ့ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်ပါတယ်။

ငှက်ပျောသီးမှာ ကယ်လိုရီများတယ်လို့ လူတွေက ထင်ကြလေ့ရှိပါတယ်။ အဲ့ဒါကမဟုတ်ပါဘူး။ ငှက်ပျောသီးစားထားရင် ဗိုက်ဆာတာကို သက်သာစေတာကြောင့် ကိုယ်အလေးချိန် ကျဆင်းဖို့တောင် ကူညီပေးပါတယ်။ စိုးရိမ်မှုကိုလည်း လျော့ချစေပြီး အိပ်ပျော်အောင်ကူညီပေးပါတယ်။

ငှက်ပျောသီးကို ပုံမှန် အမှည့်အလုံးကိုဘဲ ရွေးပြီး ပြုတ်လိုက်ရင် ငှက်ပျောသီးမှာပါတဲ့ ရေဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တို့က ရေထဲမှာ ပျော်ဝင်သွားပါတယ်။

Cinnamon1

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက်ကတော့ ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ သစ်ကြမ်းပိုးခေါက်ရဲ့ အနံ့နဲ့တင် စိတ်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။

သစ်ကြမ်းပိုးခေါက်က သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ဟော်မှုန်းတွေကိုလည်း ထိန်းညှိပေးပြီး အိပ်ပျော်အောင် ကူညီပေးပါတယ်။

အဲ့ဒီအပြင် အစာခြေစနစ်ကို ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။