ပန်းဂေါ်ဖီကို ချက်စားတဲ့အခါ အရွက်ကိုရော ရိုးတိုင်ကို လွှတ်ပစ်တတ်ပါသလား။ ဒီဆောင်းပါးကို ဖတ်ပြီးရင်တော့ စာဖတ်သူတို့ လွှင့်ပစ်တော့မှာမဟုတ်ပါဘူးဆိုတာ သေချာပါတယ်။

ပန်းဂေါ်ဖီက အာဟာရ ပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး ဗီတာမင် C၊ ပိုတက်စီယမ်၊ ဗီတာမင် B နဲ့ ကယ်ဆီယမ် ဓာတ်တစ်ချို့နဲ့ သံဓာတ်တို့ ပါဝင်ပါတယ်။ ပန်းဂေါ်ဖီ အစိမ်းပဲ ဖြစ်ဖြစ်၊ အဝါပဲ ဖြစ်ဖြစ်၊ အစိမ်းရောင့်ရောင်ပဲ ဖြစ်ဖြစ် ပန်းကော်ဖီတစ်ခုလုံးကို စားသုံးသင့်ပါတယ်။

img

ဂေါ်ဖီရွက်

ပန်းဂေါ်ဖီ အရွက် ဂရမ် ၃၀ မှာ ဗီတာမင် A အက ၉၀% ပါဝင်ပါတယ်။ ဗီတာမင် A က မျက်စိအားကို ကောင်းစေဖို့ အဓိက ကျပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားကိုလည်းမြှင့်တင်ပေးပါတယ်။ အဲ့ဒီအပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် C ၄၃ % ကိုလည်း အဲ့ဒီ ပန်းဂေါ်ဖီ အရွက် ၃၀ ဂရမ် ကနေ ရရှိနိုင်ပါတယ်။

ဟင်းချက်ရင် ပန်းဂေါ်ဖီအရွက်တွေကို ပါးပါးလှီးပြီး တခါတည်း ထည့်ချက်လို့ရပါတယ်။

broccoli-leaves-and-stalk-are-healthier-than-the-actual-broccoli-flower

ဂေါ်ဖီရိုးတိုင်

ပန်းဂေါ်ဖီ အရိုးတိုင်မှာလည်း ချိုစိမ့်စိမ့်အရသာရှိပြီး ပန်းဂေါ်ဖီထဲမှာထက် အမျှင်ဓာတ်တွေ ပိုမို ပါဝင်တာကြောင့် လွှတ်မပစ်သင့်ပါဘူး။

ပန်းဂေါ်ဖီ အရိုးတိုင်ရဲ့ အပြင်လွှာကို ခြစ်ထုတ်လိုက်ပြီးမှ အလယ်က ကျန်ခဲ့တဲ့ အသားကို အတုံးသေးသေးလေးတွေ တုံးလိုက်ပါ။

အရိုးတိုင်ကို ၂ မိနစ် ၃ မိနစ်လောက်စောပြီး အိုးထဲထည့်ထားပြီးနောက် တခြား အရွက်နဲ့ ပန်းဂေါ်ဖီကို ထည့်သွင်း ချက်ပြုတ်စားသောက်နိုင်ပါပြီ။

Chop-Broccoli-Step-10