မျက်နှာပေါ်က ဝက်ခြံ အမည်းစက်တွေ၊ တင်းတိတ်တွေ၊ အရေးအကြောင်းတွေကြောင့် မှန်ကြည့်တိုင်း စိတ်ညစ်နေရရင်တော့ အိမ်မှာပဲ အလွယ်တကူ ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးကို မျှဝေချင်ပါတယ်။ ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းပါ။ ဆိုင်သွားပြီး ပေါင်းတင်ဖို့ အချိန်မရသူတွေ အတွက် စမ်းသပ်ကြည့်ပါ။

လိုအပ်တဲ့ ပစ္စည်းတွေကတော့
– ငှက်ပျောသီး တစ်လုံးရဲ့ တစ်ဝက်
– အုတ်ဂျုံ (Oatmeal) ကို ဒိန်ချဉ်နဲ့ ရောပါး စားပွဲတင်ဇွန်း ၃ဇွန်းလိုပါတယ်
– ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်း
– ကြက်ဥ တစ်လုံး

ပြုလုပ်ပုံ

၁။ ပါဝင်ပစ္စည်း အားလုံးကို ရောမွှေပါ။

၂။ ငှက်ပျောသီးဟာ အရေပြားအတွက် အာဟာရဓာတ် များစွာပေးနိုင်ပါတယ်။ အစက်အပြောက်တွေကို ကင်းစင်စေဖို့ ကူညီနိုင်တဲ့ အရာတစ်ခုပါ။

၃။ ပျားရည်ဟာ လိုအပ်တဲ့ အစိုဓာတ်ကိုပေးနိုင်ပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ Lactic Acid ဟာ မကောင်းတဲ့ ဆဲလ်တွေကို သေစေနိုင်ပါတယ်။

၄။ အုတ်ဂျုံမှာ ပါဝင်တဲ့ ဓာတ်ဟာ ဆဲလ်အသစ်တွေကို ပြန်လည်ပေါက်ပွားစေပါတယ်။

ingredientes-mascarilla

အသုံးပြုပုံ

၁။ အရင်ဦးဆုံး မျက်နှာကို သန့်စင်ပါ။ ရေခပ်နွေးနွေးနဲ့ သန့်စင်ရင်ပိုကောင်းပါတယ်။ ပြီးရင်တော့ ရောမွှေထားတဲ့ အရာတွေကို Mask အဖြစ် မျက်နှာအနှံ့လိမ်းထားပါ။

၂။ မိနစ် ၂၀- ၃၀ ခန့် အထိ ခြောက်အောင် ထားပါ။

၃။ ရေနွေးနွေးနဲ့ မျက်နှာကို သန့်စင်ပါ။ ပြီးရင် ရေအေးနဲ့ ထပ်သစ်ပါ။

လူတိုင်းအသုံးပြုနိုင်တဲ့ နည်းပါ။ တစ်ခုသတိထားရမှာကတော့ မိတ်ကပ်တွေ လိမ်းထားတဲ့အရှိန်ကြောင့် အကျိုးသသက်ရောက်မှုဟာ နည်းနည်းတော့ ကြာပါလိမ့်မယ်။ ဒါပေမယ့် ဒီနည်းဟာ ဆိုးကျိုးနည်းပြီး နုပျိုစေနိုင်ဖို့ အတွက် သင့်လျော်ပါတယ်။ သဘာ၀ ပစ္စည်းတွေနဲ့ပဲ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် မျက်နှာပြင်ကို ကောင်းကျိုးများစေမယ့် အရာပါ။

Sources: healthierwayoflife