အစားအစာတွေ ကြမ်းပေါ် လွတ်ချသွားတဲ့ အချိန်တွေ ကြုံဖူးကြမှာပါ။ တစ်ခါတလေ ကောက်ပြီး စားလိုက်တာမျိုးတွေ ရှိသလို ကလေးငယ်တွေဆိုရင်လည်း ကောက်ပြီး စားတတ်ကြပါတယ်။ ကြမ်းပေါ်ကျသွားတဲ့ အစားအစာတွေဟာ စားဖို့အတွက် မသင့်တော်တော့ပါဘူး။ ကျသွားတဲ့ အစားအစာတွေဟာ စားဖို့အတွက် ၅စက္ကန့်အတွင်းဆိုရင်တော့ စိတ်ချရတဲ့ အနေအထားလို့ ပြောလို့ရကြောင်း သုတေသန တစ်ခုက ဆိုပါတယ်။

Source: UPI.com

၅စက္ကန့်အတွင်း စားလို့ရတယ်ဆိုတာက အစားအစာတွေ ကြမ်းပေါ်ချတာနဲ့ ချက်ချင်း ပြန်ယူစားရင် ရတယ်လို့ ဆိုလိုတာပါ။ ဘာကြောင့်လဲဆိုရင် ဘတ်တီးရီးယားတွေက ကြမ်းကနေ အစားအစာကို ကူးပြောင်းဖို့ အချိန်လိုအပ်ပါတယ်။ ၅စက္ကန့်ကျော်သွားရင်တော့ ဘတ်တီးရီးယားတွေ ရှိမရှိဆိုတာ မသေချာတော့ပါဘူးလို့ Donald Schaffner က ပြောထားပါတယ်။

eating-on-the-floor
ဘတ်တီးရီးယား ကူးပြောင်းသွားခြင်းဟာ ကြမ်းပြင်ရဲ့ အမျိုးအစားပေါ်မှာလည်း မူတည်ကြောင်း သိရပါတယ်။ ကြမ်းပြင်အမျိုးအစား၊ အစားအစာအမျိုးအစားနဲ့ ရှိနေနိုင်တဲ့ ဘတ်တီးရီးယားတွေ မတူတာကြောင့် ပြန်စားလို့ ရခြင်း မရခြင်းဟာ မသေချာပါဘူး။ ဘတ်တီးရီးယားတွေ ကူးလာတယ်ဆိုတာ အစိုဓာတ်ကနေ တဆင့် ကူးလာတာ ဖြစ်လို့  စိုစိစိ ဖြစ်နေတဲ့ အနေအထားတွေမှာဆိုရင်တော့ လုံး၀ မစားတာ ကောင်းပါတယ်။

Source: Hindustan Times

ဒါကြောင့် အစားအစာတွေ ပြုတ်ကျသွားရင် ပြန်ယူမစားတာ အကောင်းဆုံးဖြစ်ကြောင်း သုတေသနပညာရှင် Schaffner က သတိပေးထားပါတယ်။