ဖရဲသီးကို စားပြီးတိုင်း အခွံကိုခွင့်ပစ်တတ်ကြပါတယ်။ ဖရဲသီးအကြောင်းပြောရမယ်ဆိုရင် အရည်ရွှမ်းပြီး ဗိတာမင် နဲ့ သတ္တုဓါတ်ကြွယ်ဝလို့ ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေပါတယ်။

ဖရဲသီးခွံမှာရော ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲဆိုတာ မျှဝေပေးသွားပါမယ်။

အရသာမရှိလို့ လွင့်ပစ်ကြတဲ့ ဖရဲသီးခွံမှာ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုသလဲ။

ဖရဲသီးခွံမှာ ဗီတာမင် A, B6 နဲ့ ဗီတာမင် Cအပြင် ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဇင့်ဂ် ဓါတ်တွေပါဝင်ပါတယ်။ ဒီဓါတ်တွေအားလုံးက ကိုယ်ခံအားစနစ်ကိုပိုမိုကောင်းမွန်စေပြီး Antioxidant ပါဝင်တာကြောင့် ရောဂါအမျိုးမျိုးကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဖရဲသီးခွံရဲ့ အကျိုးကျေးဇူးများ

WatermelonFleshRindSkin02

ဖရဲသီးခွံမှာ ကြွက်သားတွေ ကျန်းမာသန်စွမ်းစေတဲ့ အမိုင်နိုအက်ဆစ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။

Citrulline ဆိုတဲ့ ဓါတ်တစ်မျိုးဟာ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်ပြီး စိတ်ကိုကြည်လင်စေပါတယ်။

ဒီတော့ အရသာမရှိတဲ့ ဖရဲသီးခွံကို ဘယ်လိုစားမလဲ။

watermelonrindsaladmarinated slices of watermelon in the table

အကောင်းဆုံးကတော့ ဖရဲသီးခွံကို သေချာရေဆေးပြီး အပြင်က အစိမ်းရောင်အပိုင်းကိုနွာလိုက်ပါ။ ပြီးရင် ပါးပါးလေးလှီးလိုက်ပြီး အသုပ်သုပ်စားလို့ရပါတယ်။

ဒါ့အပြင် တခြားအသုပ်တွေထဲမှာလည်း ထည့်သုပ်ပေးပြီး စားသုံးနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ ပြုတ်ပြီး စားပေးနိုင်ပါတယ်။

အဲဒီလိုစားပေးတာက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။

ဒါ့ကြောင့် အဟာရဓါတ်တွေ ပေါများတဲ့ ဖရဲသီးခွံကို လွင့်မပစ်ပါနဲ့နော်။