အိမ်တိုင်းမှာ ရေမြုပ်တုံးတွေနဲ့ ပန်းကန်ဆေးအဖတ်တွေ သုံးကြပါတယ်။ ရေမြုပ်တုံးတွေဟာ သန့်ရှင်းအောင် မထားရင်တော့ အဆိပ်တစ်ခုလို သင့်ကျန်းမာရေးကို ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ ရေမြုပ်တုံးတွေကို သုံးတဲ့အခါ သန့်ရှင်းအောင် ထားသင့်ပါတယ်။ အစားအစာတိုင်းဟာ သူတို့နဲ့ နီးနီးကပ်ကပ် ရှိနေတာကြောင့် အထူး သတိပြုသင့်ပါတယ်။ ရေမြုပ်တုံးတွေနဲ့ ပတ်သတ်ပြီး Dos and Don’ts တွေကို မျှဝေချင်ပါတယ်။

Dos
ရေမြုပ်တုံးကို နေ့စဉ် သန့်ရှင်းပါ

ဘတ်တီးရီးယား ၉၉% ကို ရေမြုပ်တုံးတွေမှာ အများဆုံး တွေ့ရကြောင်း USDA ရဲ့ သုတေသန ပညာရှင်တွေက ပြောပါတယ်။ အထူးသဖြင့် ရေစိုနေတဲ့ ရေမြုပ်တုံးတွေမှာ ပိုပြီး ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် ရေမြုပ်တုံးတွေကို နေ့စဉ် သန့်ရှင်းပြီး ခြောက်အောင် ထားပါ။ ဖြစ်နိုင်ရင် နေပူပြပြီး ပိုးသေအောင် လုပ်ပါ။ ဆေးရင်လည်း ရေနွေးထဲမှာ တစ်မိနစ်လောက် စိမ်ထားပြီးမှ ရေနွေးနဲ့ ဆေးပါ။

တစ်ခုကို အကြာကြီး မသုံးပါနဲ့

ရေမြုပ်တုံး၊ ပန်းကန်ဆေးဖတ်တွေကို တစ်ခုကိုပဲ အကြာကြီး သုံးခြင်းကို ရှောင်ပါ။ ဖြစ်နိုင်ရင် ၂ပတ် တစ်ခါ လဲပေးပါ။ သန့်ရှင်းအောင် ထားတဲ့ ရေမြုပ်တုံးနဲ့ ပန်းကန်ဆေးဖတ်တွေဟာ အစာ အဆိပ်သင့်ခြင်းကို ကာကွယ်ပေး နိုင်ပါတယ်။

ခြောက်သွေ့တဲ့ နေရာမှာ သိမ်းပါ

အမြဲ စိုစွတ်နေတဲ့ ပန်းကန်ဆေးတဲ့ နေရာမှာ မထားပါနဲ့။ ဖြစ်နိုင်ရင် ပန်းကန်ဆေးတဲ့ အဖတ်နဲ့ ခုံတွေ သန့်ှရှင်းတဲ့ အဖတ်ကို ခွဲထားပါ။ ခြောက်သွေ့တဲ့ နေရာမှာ ထားပါ။ စိုစွတ်နေခြင်းဟာ ပိုးမွှားတွေ ပေါက်ဖွားဖို့ အခွင့်အရေး ပေးသလို ဖြစ်နေပါတယ်။

Don’ts
အသားစိမ်း အရည်တွေကို မသုတ်ပါနဲ့

အသားတွေ ငါးတွေကနေ ထွက်တဲ့ အရည်တွေကို ပန်းကန်ဆေးတဲ့ အဖတ် ဒါမှမဟုတ် ရေမြုပ်တုံးတွေနဲ့ မသုတ်ပါနဲ့။ သူ့အစား စက္ကူ၊ တစ်ရှူးတွေနဲ့ သုတ်ပါ။ ရောဂါပိုးတွေ ကိန်းအောင်းနိုင်တဲ့ အတွက် ရှောင်ရှားသင့်ပါတယ်။

စားပွဲခုံနဲ့ မီးဖိုခုံတွေကို မသုတ်ပါနဲ့

စားပွဲခုံတွေနဲ့ မီးဖိုတင်တဲ့ ခုံတွေ အပေါ်မှာ ညစ်ပတ်တဲ့ အခါ ပန်းကန်ဆေးတဲ့ ရေမြုပ်တုံးတွေနဲ့ မသုတ်ပါနဲ့။ သပ်သပ်စီ ခွဲထားသင့်ပါတယ်။ ဘတ်တီးရီးယားတွေ ဝင်ရောက်ဖို့ အခွင့်အလမ်း ပိုများတာမို့ ညစ်ပတ်တဲ့ အခါ သန့်ရှင်းဖို့ သပ်သပ်စီ ခွဲထားပါ။

လက်သုပ်ပုဝါတွေကိုလည်း သန့်ရှင်းအောင်ထားပါ

မီးဖိုထဲမှာ သုတ်တဲ့ လက်သုပ်ပုဝါတွေနဲ့ လက်ခုဝတ်တွေကို သန့်ရှင်းအောင် ထားပေးပါ။ ပုံမှန် လျှော်ဖွပ်ပြီး ခြောက်သွေ့နေအောင် ထားခြင်းဟာ သင့်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

Source: eatright