Foodies များအားလုံးပဲ မင်္ဂလာပါ

MyFood Myanmar မှနေပြီး အစဉ်အမြဲ မရိုးရတဲ့ ဟင်းချက်နည်းဖွယ်ဖွယ်ရာရာကို တင်ဆက်ပေးနေလျက်ရှိနေရာမှ ယခုတခါမှလည်း အိမ်မှာပဲ အလွယ်တကူ လုပ်စားနိုင်မယ့် Frozen Pizza လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လူမျိုးဘာသာမရွေးစားသုံးနိုင်သည့် အသင့်စား Pizza

ပီဇာချစ်သူများအတွက် Dr. Oetker (ဒေါက်တာ ဥက္ကာ) မှ ထုတ်လုပ်လိုက်တဲ့ Frozen Pizza ဟာဆိုရင် ဂျာမနီကတင်သွင်းလာတာဖြစ်ပြီး Oven စက်ထဲသို့ 11 မှ 13 မိနစ်ခန့်ထည့်ရုံနှင့် စားသုံးနိုင်သည့် မြန်မာနိုင်ငံ FDA နှင့် နိုင်ငံတကာအသိမှတ်ပြု  Halal Quality Control – HQC လက်မှတ်ရ လူမျိုးဘာသာမရွေးစားသုံးနိုင်သည့် အသင့်စား Pizza တစ်မျိုးပဲဖြစ်ပါတယ်။


ပီဇာစားချင်စိတ်ပေါ်လာတဲ့အခါမှာ အပြင်မှာသွားစားဖို့ ပြင်ရ၊ ဆင်ရတာနဲ့ အချိန်ကုန်လွန်းလှပါတယ်။ ကားလမ်းတွေကလည်းပိတ်သေး၊ နေကလည်းပူသေး ပြဿနာတွေကိုစုံလိုပါပဲနော်။ ဒါကြောင့် Dr. Oetker ရဲ့ Frozen Pizza လေးတွေကို ဈေးဆိုင်တွေကနေ ၀ယ်ယူထားပြီး ပီဇာစားချင်စိတ်ဖြစ်လာတာနဲ့ အိမ်မှာပဲချက်ချင်းထပြင်ဆင်လိုက်နိုင်ပါပြီ။

Oven မရှိလို့လဲ စိတ်မညစ်သွားပါနဲ့။ မိမိရဲ့အိမ်မှာ Oven မရှိသူတွေအတွက် နည်းလမ်းလေးတစ်မျိုးနဲ့လည်း လုပ်စားနိုင်ပါသေးတယ်။ အဲ့ဒီ့နည်းလမ်းလေးကတော့ ကြော်စားတာပါပဲ။

Pan ကို အသုံးပြုပြီး လွယ်လွယ်ကူကူကြော်စားမယ်

  • ဦးစွာပထမအနေနဲ့ ရေခဲသေတ္တာထဲမှာသိမ်းထားလို့ ခဲနေတဲ့ ပီဇာကို အခဲပျော်စေဖို့ လုပ်ပေးရပါမယ်။
  • အိမ်မှာရှိတဲ့ Frying Pan ကို အပူချိန်အမြင့်ဆုံးထားပြီး အပူပေးပါ။ အိုးပူ၊ မပူသိချင်တယ်ဆိုရင် အိုးထဲကို ရေနည်းနည်းတောက်ကြည့်လိုက်ပြီး ရေတွေကအငွေ့ပျံသွားပြီး ချက်ချင်းခြောက်သွားမယ်ဆိုရင် သေချာပေါက်အိုးပူနေပါပြီ။
  • ပြီးလျှင်တော့ အပူပေးထားတဲ့အိုးထဲသို့ ဆီ သို့မဟုတ် ထောပတ်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ကို ထည့်ပေးပြီး တစ်အိုးလုံး ဆီနှံ့သွားစေဖို့ အိုးကိုကိုင်းကကိုင်ပြီး လှည့်ပေးပါ။ နှံ့သွားပြီဆိုလျှင် မီးဖိုပေါ်ပြန်တင်လိုက်ပြီး ဆီဆူသည်အထိ ထားပေးရပါမယ်။
  • ပီဇာတစ်ခုလုံး သေချာကျက်ဖို့အတွက် အိုးရဲ့မျက်နှာပြင်အနှံ့ကိုဆီရောက်နေဖို့ အရေးကြီးပါတယ်။
  • ဆီပူလာပြီဆိုတာနဲ့ မူလအခဲပျော်အောင်ထားထားတဲ့ ပီဇာကိုထည့်လိုက်ပြီး မီးအပူချိန်ကို အေးသွားသည်အထိ လျှော့ချလိုက်ပါ။ ပီဇာမှာပါတဲ့ ချိစ်တွေအကုန်လုံး အရည်ပျော်သွားပြီဆိုရင်တော့ ပြီးပြည့်စုံတဲ့ပီဇာတစ်ချပ်ရပါပြီ။



ပီဇာရဲ့ပေါင်မုန့်အသားက ဆီနဲ့ကြော်ထားတာဖြစ်လို့ oven နဲ့ဖုတ်တာထက်တောင် ပိုပြီးလတ်ဆတ်နေမှာပါ။ ကြွပ်ကြွပ်လေးနဲ့ အရသာလည်း အင်မတန်ပြီးပြည့်စုံလွန်းလို့ ဘယ်လိုလဲဆိုတာကို ဖော်ပြဖို့စဉ်းစားနေရင်းနဲ့ပဲ သုံးစိတ်လောက်က အသာလေးစားပြီးသွားလောက်ပါပြီ။

ဒီလိုမျိုးအသင့်လုပ်စားလို့ရတဲ့ Dr.Oetker (ဒေါက်တာဥက္ကာ) ရဲ့ Frozen Pizza လေးတွေက ကိုယ့်ဘာသာ အိမ်မှာပဲအလွယ်တကူ လုပ်စားလို့အဆင်ပြေပြီး အရသာကလည်း Hawaii, Speciale, Pepperoni, Mozzarella နဲ့ Spinaci (သက်သက်လွတ်) ဆိုပြီး ၅ မျိုးတောင်ထုတ်လုပ်ပေးထားတော့ ကိုယ်ကြိုက်နှစ်သက်ရာ အရသာကို ရွေးချယ်ဝယ်ယူပြီး ယခုပဲလုပ်စားလိုက်ကြရအောင်။

ဘယ်နေရာတွေမှာ ၀ယ်လို့ရသလဲ

Dr.Oetker(ဒေါက်တာဥက္ကာ) ရဲ့ Frozen Pizza လေးကို City Mart နှင့် marketplace ဆိုင်ခွဲတိုင်းတွင် ၀ယ်ယူရရှိနိုင်တာဖြစ်ပြီး ဈေးနှုန်းကတော့ ၈၉၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ပီဇာချပ်တစ်ချပ်ရဲ့အရွယ်အစားက ဆယ်လက်မရှိလို့ ဗိုက်ပြည့်အောင်အ၀စားနိုင်မှာပါ။ လုပ်ရတာလည်းလက်မ၀င်၊ ဈေးကလည်းအင်မတန်သက်သာလွန်းဆိုတော့ ဘာမေးကောင်းအုံးမလဲ။ အခုပဲ ၀ယ်ယူရမယ့်စာရင်းထဲမှာ Dr.Oetker(ဒေါက်တာဥက္ကာ) ရဲ့ Frozen Pizza လေးကိုပါထည့်ရေးထားပြီး City Mart နှင့် marketplace ဆိုင်တွေကိုရောက်တိုင်း သတိတရနဲ့ ၀ယ်ထားလိုက်တော့နော်။

Frozen Pizza လေးနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ Facebook လင့်ခ်လေးကို ကိုယ်တိုင်ကိုယ်ကျလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/Dr.OetkerPizzaMyanmar/