ဒန့်ဒလွန်းသီး ကတော့ မြန်မာလူမျိူးများရဲ့ အကြိုက်ဆုံးသော အသီးအနှံ့တွေထဲကတစ်မျိုးပါ ။ ငါးရံ့နဲ့ ချက်တော့ အရသာကို ကြားယုံနဲ့ သရေယိုစရာပါ ။ ဖတ်ပြီး သရေယိုမနေနဲ့အုန်း ။ အိမ်ကသူတွေ ချက်ကျွေးလိုက်နော်…

ပါဝင်ပစ္စည်းများ

  • ငါးရံ့ခြောက်  – ၂ ကောင် (ရေဆေးပြီး၊ အနေတော် အတုံးလေးတွေတုံးပါ)
  • အသီးအရွက်အရည်  –  ၁ ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)
  • ကြက်သားမှုန့်  –  ၂ ဇွန်း (လက်ဖက်ဇွန်း)
  • မန်းကျီးနှစ်  –  ၂ ဇွန်း (လက်ဖက်ဇွန်း) နံ
  • နံပင်  –  ၃ ပင် ( ခတ်ကြမ်းကြမ်းလေး တွေဖြတ်ထားပါ၊နောက်ဆုံးမှထည့်ပါ)
  • မုန့်လာဥနီ  –  ၅ ဥ (အခွံခွာပြီး အနေတော်အတုံးများ တုံးထားပါ)
  • အုပ်စု(က)
  • ကြက်သွန်ဖြူ  –   ၅ မွှာ (ထောင်းထားပါ) ၃ မွှာ အရည်ညှစ်ယူထားပါ ။ ၂ မွှာ ပဲပြုတ်ထဲထည့်ရန် ။
  • ကြက်သွန်နီ  –  ၄ လုံး (ထောင်းထားပါ)
  • ချင်း  –  လက် ၂ ဆစ် (တစ်ဝက်ကို ထောင်းထားပါ) တစ်ဝက်ကို ပဲပြုတ်ထဲ ထည့်ပြုတ်ပါ။
  • နနွင်းမှုန့်  –  တစ်ဝက်ဇွန်း (လက်ဖက်ဇွန်း)
  • ဆီ  –  ၂ ဇွန်း (စားပွဲဇွန်း)
  • အရောင်တင်မှုန့်  –  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ငရုတ်သီးမှုန့်   –  ၁ ဇွန်း  (လက်ဖက်ဇွန်း)
  • ငံပြာရည်  –  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • အုပ်စု (ခ)
  • ကုလားပဲ  –  ၁၅ ကျပ်သား (ပြုတ်ထားပါ)
  • စပါလင်  –  တစ်ဝက် ချောင်း ( ပဲပြုတ်ရင်ထည့်ရန်)
  • ဆား  –  ၁ ဇွန်း (လက်ဖက်ဇွန်း)

ပြုလုပ်နည်း

ပဲပြုတ်နည်း (အုပ်စု ခ)

  1.  စောက်နက်အိုးထဲသို့ ပဲ ၊ ကြက်သားမှုန့် အနည်းငယ် ၊ ဆား ၊ ချင်း ၊ စပါးလင် နှင့် ကြက်သွန်ဖြူ တစ်ပြားရိုက်ထည့်ပါ ။ ကြက်ရိုး နဲ့ ပါဝင်ပစ္စည်းများ ရေမြုပ်တဲ့အထိ ထည့်ပြီး ပဲနူးအိတဲ့ အထိ တည်ပါ ။
  2. စောက်နက်အိုးထဲကို အသီးအရွက်ရေ ၊ မုန်လာဥ နှင့် ငါးခြောက်တုံးလေးများ ထည့်ပြီး တည်ထားပါ ။ မီးအနေတော်လေးနဲ့ပဲ တည်ထားပါ။
  3. ဒယ်အိုးထဲသို့ အုပ်စု(က) အားလုံးထည့်ပြီး ဆီသတ်ပါ ။ အားလုံးနွမ်းပြီး အရောင်လှလာလျှင် ငါးခြောက်တုံးများ အိုးထဲ ရောပါ ။  အားလုံး နှံ့အောင်မွှေပါ ။  မီးကို ပုံမှန် ထားပါ ။ ရေထပ် ရောပါ ။ ပွတ်ပွတ်ဆူအောင် တည်ပါ ။ ထည့်ထားသော ရေ အနည်းငယ် ခမ်းလာလျှင် ပြုတ်ထားသော ပဲနှင့် ကျန်ပစ္စည်းများ ထည့်ပါ ။
  4. ရေ လိုလျှင် အနည်းငယ် ထပ်ထည့်ပေးပါ ။ ဆားမြည်းပါ ။ လိုတာ ထပ်ဖြည့်ပါ ။  မီးဖိုပေါ်မှ မချခင် နံနံပင်ရွက်များ အုပ်ပါ ။ ပူပူလေး စားသုံးလျှင် ပိုသင့်တော်ပါတယ် ။

11249551_996090640402246_5869907701167721074_o