ရေသောက်ခြင်းဟာ ကမ္ဘာ့အကျန်းမာဆုံး နည်းလမ်းတစ်ခု ဖြစ်တယ်ဆို လူတိုင်း သိကြမှာပါ။ လူရဲ့ ကိုယ်ခန္ဓာဟာ ရေဓာတ် ၃ပုံ၂ပုံ ပါဝင်ပြီး ရေအသက် တစ်မနက် ဆိုတဲ့ ဆိုရိုးတွေတောင် ရှိပါတယ်။ ရေကို စနစ်တကျ သောက်ပေးမယ်ဆိုရင်တော့ ကျန်းမာရေး အကျိုးများပုံတွေက ကွာခြားသွားပါတယ်။ အနည်းဆုံးကတော့ သင် အိပ်ယာ နိုးတဲ့အခါ သောက်တစ်ခွက် အရင်သောက်ပြီးမှ နေ့စဉ်ဘဝထဲကို ဝင်သင့်ပါတယ်။

ရေသောက်ခြင်း အကျင့်ကို ဂျပန် ရေကုထုံး အဖြစ် လူသိများကြပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ထုတ်ပြန်ချက်တွေအရ ရေကို စနစ်တကျ သောက်ခြင်းဟာ ကာလအတော်ကြာ ခံစားနေရတဲ့ ရောဂါတွေကို သက်သာပျောက်ကင်းစေနိုင်ကြောင်း သိရပါတယ်။ ခေါင်းတစ်ခြမ်းကို ရောဂါ၊ ရင်ခေါင်းနာကျင်ခြင်း၊ အူရောင်နာ၊ အဆစ်ရောဂါ၊ သွေးတိုးရောဂါ။ သွေးတိုးခြင်း၊ ရင်ကြပ်ရောဂါ နဲ့ သွေးထဲက ကိုလက်စထရောတွေကိုပါ ကျစေပါတယ်။

ရေသောက်ရမယ့် နည်းကတော့

၁။ ရေ ၆၅၀ml (သို့)ရေ ဖန်ခွက် ၃ခွက်ကို အိပ်ယာထ ထချင်း သောက်ပါ။ စ စချင်း ၃ခွက်သောက်ဖို့ ခက်ခဲတယ်ဆိုရင်တော့ ကိုယ်နဲ့ အဆင်ပြေနိုင်မယ့် ပမာဏကို စ သောက်ပါ။ နောက်မှ တဖြည်းဖြည်း တိုးသောက်ပါ။ အနည်းဆုံးတော့ ၁ခွက်ကနေ စသောက်ပါ။

၂။ အနည်းဆုံး ရေသောက်ပြီး နာရီဝက်အတွင်း အစာ မစားရပါဘူး။

၃။ အစာ တစ်ခုခု မစားခင်တိုင်း အနည်းဆုံး ရေတစ်ခွက် သောက်ပါ။ ဒါပေမယ့် အစာ စားပြီး ၂နာရီ အတွင်း ရေမသောက်မိပါစေနဲ့။

ဒီလွယ်ကူ နည်းလမ်းဟာ

၃ရက် အကြာမှာ အဆစ်ရောဂါ သက်သာလာစေပါတယ်။

၁၀ရက် အကြာမှာတော့ အစာနဲ့ ပတ်သက်တဲ့ ရောဂါတွေကို သက်သာလာစေပါတယ်။ ဝမ်းကိုလည်း ပုံမှန် ဖြစ်စေပါတယ်။

တစ်လ အကြာမှာတော့ ဆီးချိုနဲ့ သွေးတိုးကို ပုံမှန် ဖြစ်စေပါတယ်။

၃လ အကြာမှာတော့ အဆုပ်နာရောဂါ။ ချောင်းဆိုးသွေးပါ ရောဂါတွေကို သက်သာလာစေနိုင်ပါတယ်။

ဒီရောဂါတွေကို ရေကုထုံးနဲ့ သက်သာလာစေနိုင်ကြောင်း ဂျပန်ဆေးပညာ အသိုက်အဝိုင်းကနေ လက်ခံထားတာဖြစ်ပါတယ်။ ရေကို စနစ်တကျ သောက်ပြီး ရောဂါတွေရဲ့ အဝေးမှာ နေလိုက်ကြပါစို့။

Source: newremedies.net