သင်ရဲ့ မီးဖိုချောင်ထဲမှာ အလွယ်တကူရှိနေတတ်တဲ့ အရာတွေဟာ ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အကူအညီ ပေးတတ်ပြီး ကျန်းမာရေးအတွက် အသုံးဝင်စေမယ့် အရာတွေပါ။ ကိုယ်သတိမထားမိတဲ့ အရာတွေဟာ မထင်မှတ်တဲ့ အစွမ်းတွေ ရှိနေတတ်ပါတယ်။

ပွဲတစ်ခုသွားဖို့အတွက် အလျင်အမြန် ဝိတ်ချဖို့လိုနေပြီဆိုရင်တော့ ဒီနည်းလေးက အတော်အသုံးတည့်မှာပါ။ တစ်ပတ်လုံးမှာ နေ့တိုင်း မနက်တိုင်း
သောက်ပေးရုံနဲ့ အဆီတွေကို ကျစေပြီး သင့်ကို စိတ်ကျေနပ်မှုရစေမှာပါ။

ဒီနည်းလမ်းဟာ လွယ်ကူပြီး ရိုးရှင်းလှပါတယ်။ ဒါပေမယ့် အစွမ်းကတော့ မသေးလှပါဘူး။ အစာငတ်ခံဖို့ မလိုသလို အသီးအရွက် အစိမ်းတွေလည်း အများကြီး စားဖို့ မလိုပါဘူး။ ပုံမှန် စားသောက်နေကြပုံစံ အတိုင်းထဲမှာက အဆီ၊ အချိုနဲ့ အငံကို လျှော့စားပြီး ရေများများ တွဲသောက်ပေးပါ။ ဝိတ်ကျစေဖို့ က ပြုတ်ရည် တစ်ခွက်ပဲ သောက်ရမှာပါ။ ပြုလုပ်နည်းကတော့ သစ်ကြားပိုးခေါက်နဲ့ ရေပဲ လိုပါတယ်။

mixture

သစ်ကြားပိုးခေါက်မှုန့် ၁ဇွန်းကို ရေ 250 ml ထဲကို ထည့်ပါ။ ပြီးရင် မီးဖိုပေါ်တင်ပြီး ၅မိနစ်ခန့် ဆူပွက်စေပါ။ ၅မိနစ်ကြာပြီးတဲ့အခါ အအေးခံထားပါ။ ဒီ သစ်ကြားပိုးခေါက် ပြုတ်ရည်ကို မနက် အိမ်ယာနိုးတဲ့ အချိန် ဘာအစာမှ မစားရသေးခင်မှာ သောက်ပေးါပ။ ဒါမှမဟုတ် အစာနဲ့ ဝေးတဲ့ နေ့လည်နေပခင်းနဲ့  ညစာမစားချင်တွေမှာ သေက်ပေးပါ။ ၁၅ရက် ဆက်တိုက်ထိ သောက်ပေးလို့ ရပါတယ်။ ၁၅ရက်ရက်မှာ ၁၅ပေါင်ထိ ကျနိုင်တဲ့ အထိ အစွမ်းထက်စေပါတယ်။

အစာအိမ်ရောဂါ ရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ နို့တိုက်မိခင်တွေ သောက်ဖို့အတွက် ဆရာဝန်ရဲ့ အကြံပြုချက်ကို ယူသင့်ပါတယ်။