မနက်ခင်းအိပ်ယာထပြီးပြီးချင်း ဘာအစားမှမစားသေးခင် သံပုယိုရည်ပူပူလေးတစ်ခွက်ကို သောက်သုံးပေးတာဟာ ကျန်းမာရေးအတွက် အထောက်အကူအများကြီးဖြစ်စေတယ်ဆိုတာ စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ။

drink-lemon-water-instead-of-pills-if-you-have-one-of-these-15-problems

ပြုလုပ်ရတာလည်း လွယ်ကူရိုးရှင်းပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ သံပုယိုသီး တစ်ခြမ်းကို အရည်ညစ်ပြီး ရေနွေးထည့်ထားတဲ့ခွက်ထဲကို ညစ်ထည့်ပေးရုံပါပဲ။

အဲဒီသံပိုယုရည် ပူပူလေးကို နေ့တိုင်းလိုလို သောက်သုံးပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သံပုယိုရည်ကိုသောက်သုံးပေးတာဟာ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့Antioxidant ၊ ပရိုတင်း ၊ ဗီတာမင် B၊ C၊ ဖော့စ်ဖရပ်၊ ပိုတက်ဆီယမ် စတဲ့ ဓါတ်တွေပါဝင်နေပါတယ်။

ဒါ့ကြောင့် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ရောဂါပိုးဝင်ရောက်မှုကနေလည်း ကာကွယ်ပေးပါတယ်။

မနက်ခင်းမှာ သံပုယိုရည်ကိုသောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးများ

၁။ ဝက်ခြံ

acne1

သံပုယိုသီးအရည်ပူပူလေးကို သောက်ပေးတာဟာ ဝက်ခြံဖြစ်ထွက်လာတာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သံပုယိုရည်ကို မျက်နှာပေါ်မှာ ပွတ်လိမ်းပေးတာကလည်း ဝက်ခြံပျောက်ကင်းစေပါတယ်။

၂။ အစားအလွန်အကျွံစားချင်စိတ်ကို လျှော့ချပေးခြင်း

top_7_appetite_suppressing_foods

သံပုယိုသီးဖျော်ရည်က ကျန်းမာစေတဲ့ အဟာရဓါတ်တွေကို ထုတ်လုပ်ပေးပါတယ်။ ဗီတာမင်ဓါတ်တွေနဲ့ အင်ဇိုင်းဓါတ်တွေကို သံပုယိုသီးဖျော်ရည်မှာတွေ့ရပြီး သွေးတွင်းသကြားဓါတ်ပါဝင်မှုနှုန်းကို ထိန်းညှိပေးပါတယ်။

ဒါ့ကြောင့် ကိုယ်အလေးးချိန်ကို ပုံမှန်အတိုင်းထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် သံပုယိုသီးဖျော်ရည်ကိုသောက်သုံးတာဟာ အစားစားချင်စိတ်ကို လျှော့ချပေးတာကြောင့် တတွတ်တွတ်စားလို့ ကိုယ်အလေးချိန်တက်လာမှာကို စိတ်ပူစရာမလိုတော့ပါဘူး။

၃။ ဆီးကျောက်တည်ခြင်း

6-reasons-you-want-to-drink-lemon-water

သံပုယိုသီးဖျော်ရည်မှာ ပိုတက်ဆီယမ်ဓါတ်တွေ ပါဝင်တာကို သင်သိသင့်ပါတယ်။ ပိုတက်ဆီယမ်ဓါတ်ဟာ ဆီအတွင်းမှာ Citrate ပါဝင်မှုကို မြင့်တက်စေတာကြောင့် Oxalate လို သတ္တုဓါတ် တဖြည်းဖြည်းစုစည်းလာပြီး ဆီးကျောက်တည်လာမှုကို ကာကွယ်ပေးပါတယ်။

၄။ ကိုယ်ခံအားစနစ်

သံပုယိုသီးဖျော်ရည်ကို မနက်ခင်းမှာ သောက်သုံးတာဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

၅။ သဲခြေနဲ့ဆိုင်တဲ့နာကျင်မှု

1-water-lemon-mou7bgz4lkpzbng4ygpqt67x98dj9fo4ax6ue1vwys

ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေက အစားစားနေချိန်မှာ သံပုယိုသီးဖျော်ရည်ကိုသောက်သုံးပေးတာဟာ သဲခြေမှာ ကျောက်တည်တာကြောင့် နာကျင်မှုကို သက်သာစေတယ်လို့ဆိုပါတယ်။

၆။ အအေးမိတာနဲ့ တုပ်ကွေးဖြစ်ခြင်း

2d274907862297-cold-flu-tissue-today-tease-150220_0b20d8b39b7ff9bfc1ec756d8ed5f91f

သံပုယိုသီးဖျော်ရည်မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးတာကြောင့် အအေးမိ တုပ်ကွေး ဖျားနာတာ အလွယ်တကူအဖြစ်တော့ပါဘူး။

၇။ Gastroesophageal Reflux Disease (GERD) အချဉ်ရည် အထက်ဆန်ခြင်း

senior man suffers from bad heartburn

(GERD) ဆိုတာ အစာအိမ်-အစာမြိုပြွန် အဆက်နေရာကနေ အစာခြေရည်တွေ အထက်ဆန်တဲ့ရောဂါ ဖြစ်ပါတယ်။ သံပုယိုသီးဖျော်ရည်ကို သောက်သုံးမယ်ဆိုရင်တော့ ၂ ပတ်အတွင်းမှာ ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိလာမှာပါ။

၈။ လက်သည်းကို သန်မာစေတယ်

your-finger-nails-say-a-lot-about-your-health-l-lhsz1e

သံပုယိုရည်ကို သောက်ပေးတာက လက်သည်းတွေကို သန်မာစေပြီး အလွယ်တကူမကျိုးပဲ့နိုင်တော့ပါဘူး။ ဒါ့အပြင် လက်သည်းမှာ အဖြူရောင်အပွင့်ဖြစ်တာကိုလည်း ကာကွယ်ပေးပါတယ်။

၉။ အရက်သောက်ချင်စိတ်ကိုလျှော့ချပေးခြင်း

our-experience-with-chantix-to-reduce-alcohol-cravings

အရက်ဖြတ်ချင်တဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။ မနက်ခင်း ဘာမှမစားရသေးတဲ့ အစာအိမ်ထဲကို သံပုယိုရည်တစ်ခွက် သောက်သုံးပေးလိုက်တာဟာ အရက်သောက်ချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။

၁၀။ Colitis ဖြစ်ခြင်း

warm_20lemon_20water

Colitis ဆိုတာဘာလဲ။ Colitis ဆိုတာကတော့ ခန္တာကိုယ်အတွင်း အက်ဆစ်ဓါတ်နဲ့ အယ်ကာလိုင်းဓါတ် မညီမျှတာကိုဆိုလိုတာပါ။ ဒါ့ကြောင့် မနက်ခင်း အစားအစာခင်မှာ သံပုယိုရည်တစ်ခွက်သောက်သုံးပေးတာဟာ ခန္တာကိုယ်အတွင်းလိုအပ်တဲ့PH ပါဝင်မှုနှုန်းကို ညီမျှစေပြီး ရောဂါဖြစ်ပွားမှုကနေ ကင်းဝေးစေပါတယ်။