ရှေးကတည်းက အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့ အစွမ်းထက် ဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။ Welcome To Peace ကတော့ ယုံကြည်စွာ လုပ်ဆောင် သောက်သုံးပါပြီ။ ကြည့်ရှုသူမိတ်ဆွေများလည်း လိုက်သောက်စေချင်ပါတယ်။ တကယ်သောက်လို့ “ကောင်းမှကောင်း” စိတ်ချလိုက်ပါ။ ခန္ဓာကိုယ်ကိုဘေးမဖြစ်စေပါဘူး။ ကောင်းကျိုးသာရစေတဲ့ အစွမ်းထက် (အာလူး + မုန်လာဥနီ + ပန်းသီး) ဖျော်ရည် ဖြစ်ပါတယ်။

ဒီဖျော်ရည်ကို အာလူး၊ မုန်လာဥနီ၊ ပန်းသီးတို့ကို မိမိတို့ လိုအပ်သလောက် အချိုးအစားတူညီပေါင်းစပ်ပြီး ဖော်စပ်လို့လည်း ရပါတယ်။ လိုအပ်သလောက် ဖော်စပ်ပြီး အဆင်သင့် သောက်သုံးနိုင်အောင် မိမိတို့လိုသလောက် ချိန်ဆအသုံးပြုလုပ်ဆောင်ပြီး ရေခဲသေတ္တာမှာ ထား၍ လိုအပ်တဲ့အချိန်တွေမှာ အရသာ ရှိစွာ ခံစား သောက်သုံးနိုင်ကြပါစေ။ သစ်သီးအားလုံးကို ဆေးကြောသန့်စင်ပါ။ အခွံခွာပါ။ ပြီးရင် ဖျော်စက်ထဲထည့် ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိူင်ပါပြီ။ သံပုရာသီး ၊ ရှောက်သီး ၊ သံပရိုသီး တို့ကိုလည်း ကြိုက်ရင် ထည့်သောက်နိူင်ပါတယ်။

ဒီဖျော်ရည်ရဲ့ အစွမ်းထက် ပုံတွေကတော့

ကင်ဆာဆဲလ်တွေ ကြီးထွား ပြန့်ပွားခြင်းကို တားဆီးပေးပါတယ် ။

အသည်း ကြီးထွားခြင်း ၊ ကျောက်ကပ် ကြီးထွားခြင်း ၊ ကပ်ပါယ်အိတ် ကြီးထွားခြင်းကိုလည်း တားဆီးပေးပါတယ် ။ ပြည်တည်နာ ဖြစ်ခြင်းကိုလည်း ကုစားနိူင်ပါတယ် ။

အဆုတ်ကို အားတိုးစေပြီး၊ နှလုံးရောဂါ ၊ သွေးတိုးရောဂါ တို့ကိုလည်း ကာကွယ်ပေးပါတယ် ။

ခုခံအား စနစ်ကိုလည်း အားကောင်းစေ ပါတယ် ။

မျက်စိအာရုံကို ပိုကောင်းစေသလို ၊ မျက်လုံးနီခြင်း ၊ မျက်စိ ညောင်းခြင်း တို့ကိုလည်း သက်သာစေပါတယ် ။

ကြွက်သားနားခြင်း ၊ ကြွက်သား ဒဏ်ဖြစ်ခြင်း ကိုလည်း ပျောက်ကင်းစေပါတယ် ။

အသားအရေကို လှပစေပြီး ရွှန်းလဲ့ တောက်ပ စေပါတယ် ။  ပိုမိုနုပျိုစေပါတယ် ။

အစာကို ကြေညက်စေနိူင်ပြီး အစာခြေ စနစ်ကို ပိုမို ကောင်းမွန်စေပါတယ် ။

အမျိုးသမီးများ မီယပ် သွေးပေါ်ချိန်တွင် ဖြစ်တတ်သော နာကျင်ခြင်း ကိုလည်း လျော့နည်း သက်သာစေပါတယ် ။

ဖျားနာခြင်းကိုလည်း သက်သာ ပျောက်ကင်းစေပါတယ် ။

ဉာဏ်ရည်ကို တိုးတက်စေပြီး ဦးနှောက်ကို ပိုမို ကောင်းမွန်စေပါတယ် ။

ကိုယ်အလေးချိန် လျှော့ချနေသူများ အနေနှင့်လည်း သောက်သုံးနိူင်ပါတယ် ။  ဒီဖျော်ရည်ဟာ အားအင်ကို တိုးစေသလို
ကယ်လိုရီ ပါဝင်မှုကလည်း အနည်းဆုံးသော ဖျော်ရည်ဖြစ်ပါတယ် ။

ကိုယ်ခန္ဓာအတွင်းက ကလီစာများ ပြန်လည် တည်ဆောက်ခြင်းကို အထောက်အပံ့ ပေးပါတယ် ။ ရောဂါ တော်တော်များကို သက်သာအောင် အထူး အစွမ်းထက်သော ဖျော်ရည် ဖြစ်ပါတယ် ။

သောက်သုံးနည်းကတော့ ဖျော်ပြီးသား ဖျော်ရည်အား မနက်စာ မစားခင် ၁ နာရီ အလို ဗိုက်ထဲတွင် အစာမရှိ ချိန်မှာ သောက်သုံးရပါမယ် ။   ပိုပြီး အာနိသင် သက်ရောက်ချင်သူများ အနေနဲ့တစ်နေ့ ၂ ကြိမ် ၊ မနက် ၁ ကြိမ် နှင့် ညနေ ၅ နာရီတွင် ၁ ကြိမ် သောက်သုံးနိူင်ပါတယ် ။  ၂ ပါတ် အတွင်း ခုခံအား စနစ် ထူးခြား သိသာ ပြောင်းလဲ လာပါလိမ့်မယ် ။ ပာုတ်ပါတယ် ။ သောက်လိုက်ကြပါစို့။

Welcome To Peace နှင့်အတူ စိတ်ဆန ္ဒတူညီ ဝီရိယစိုက် အားထုတ် အတူသောက်လိုက်ကြပါစို့ ။
ကြည့်ရှု ဖတ်ရှုသူ အားလုံး ကိုယ်စိတ်နှလုံး ကျန်းမာ ချမ်းသာ ကြပါစေ ။

Credit: Welcome To Peace