ကိုယ်အလေးချိန်ကျစေဖို့ နည်းလမ်းတွေ အများကြီးရှိတဲ့အထဲက အလုပ်မရှုပ် အစာရှောင်စရာမလိုဘဲ အိပ်ယာဝင်ခါနီး ဖျော်ရည်တစ်ခွက် သောက်ပေးတဲ့နည်းလေးကို မျှဝေချင်ပါတယ်။

အဓိကပါဝင်တဲ့ ပစ္စည်း ၂ မျိုးဟာ ဝယ်ရလွယ်ကူပြီး အံ့သြဖွယ်အစွမ်းရှိတဲ့ ပျားရည်နဲ့ သစ်ကြံပိုးခေါက်ပဲ ဖြစ်ပါတယ်။ ပျားရည်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ရှေးကတည်းက ဆေးဝါးအဖြစ် သုံးစွဲခဲ့တာဖြစ်ပါတယ်။ ကိုယ်ခံအားကို ကောင်းမွန်ပြီး အစာအိမ်အတွက် ပူစရာမလိုပါဘူး။ သစ်ကြပိုးခေါက်ကတော့ ဝိတ်ကျစေတဲ့ အရာအဖြစ်နဲ့ သိထားကြပါတယ်။ သွေးထဲက ကိုလက်စထရောတွေကို နိမ့်ကျစေပြီး အစာကြေဖျက်နိုင်စွမ်းကို တိုးမြှင့်ပေးပါတယ်။ သွေးဖိအားကိုကျစေပြီး အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

drink-this-before-you-sleep-at-night-to-have-less-weight-in-the-morning-recipe-included-768x402

သစ်ကြပိုးခေါက်ဟာ သွေးအားကျစေတဲ့အတွက် သွေးအားနည်းသူတွေ မသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေလည်း မသောက်သင့်ပါဘူး။ အခန့်မသင့်ရင် မူးလဲတာ ရုတ်တရက် အားနည်းတာတွေ ဖြစ်တတ်ပါတယ်။

ဖျော်ရည် ပြုလုပ်ပုံ

– ရေ တစ်ခွက်
– သစ်ကြပိုးခေါက်မှုန့် ၂ ဇွန်း
– ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်ပုံ

အိုးထဲကို ရေထည့်ပြီး ဆူအောင်တည်ပါ။ သစ်ကြပိုးခေါက် လက်ဖက်ရည်ဇွန်း ၂ဇွန်းစာကို ထည့်ပါ။ ၁၅မိနစ်လောက် ထားပါ။ ပြီးရင် မီးဖိုပေါ်က အိုးကို ချပြီး ခဏအေးအောင် ထားပါ။ အေးရင် ပျားရည် ၂ဇွန်းထည့်ပါ။ မွှေပြီး အိပ်ယာမဝင်ခင် သောက်ပေးပါ။ ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန် ရောက်အောင်အထိ ညတိုင်း သောက်ပေးပါ။ ဒီဖျော်ရည်ဟာ အဆီကို လောင်ကျွမ်းစေရုံသာမက ကိုယ်ခံအားကောင်းစေပြီး မကောင်းတဲ့ ပိုးတွေကိုပါ သေစေနိုင်ပါတယ်။

Source: houseofhealthyfood