ဂျပန်သုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ ကဆီဓာတ်ပါဝင်တဲ့ ရေထဲရှိ ပရိုတင်းဟာ အစာစားချင်းစိတ်ကို လျော့နည်းလာစေတယ်လို့ သိရှိရပါတယ်။ ကန်စွန်းဥပြုတ်ပြီး ကျန်ရှိနေတဲ့ရေထဲမှာလည်း ယင်းကဲ့သို့သော ကဆီဓာတ်ပါရှိပါတယ်။ သုတေသနပညာရှင်တွေဟာ အရင်းဦးဆုံး ကြွက်တွေနဲ့စမ်းသပ်မှုပြုလုပ်ခဲ့ကြတယ်။

စမ်းသပ်မှုရဲ့ ၂၈ရက်ကြာပြီးနောက်မှာတော့ ပရိုတင်းပြည့်ဝရည်တွေသောက်ပြီး ကြွက်တွေရဲ့ ကိုယ်အလေးချိန် သိသိသာသာလျော့နည်းလာတာကို တွေ့ရှိရပါတယ်။ ထို့အပြင် ခန့်မှန်းချေအရ ကန်စွန်းဥပြုတ်ရည်ကျန် သောက်တဲ့လူတွေဟာ ဆလင်ဒါပုံသဏ္ဍာန် ခန္ဓာကိုယ်ရရှိလာနိုင်ပါတယ်။

ကြွက်တွေနဲ့သာစမ်းသပ်ရသေးပေမယ့် လူတွေမှာလည်း ထပ်တူညီတဲ့ အကျိုးရလဒ် ရရှိနိုင်မယ်လို့ ပညာရှင်တွေ ထစ်ထစ်ချယုံကြည်ထားပါတယ်။

Source: Mailonline