ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ကော်ဖီအစား ပြောင်းလဲသောက်သုံးသင့်သော အရာများ

August 3, 2016

ကော်ဖီအစား ပြောင်းလဲသောက်သုံးသင့်သော အရာများ

Share this on:

ကော်ဖီသောက်ခြင်းဟာ ရေရှည်ကျန်းမာရေးအတွက် မကောင်းနိုင်ဘူးဆိုတာကို Shwemom ပရိသတ်ကြီးလည်း လက်ခံ
ကြလိမ့်မယ်လို့ ထင်ပါတယ်။ ကဖီးဓာတ်ဟာ လိုတာထက် ပိုများသွားရင် ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဆရာဝန်တွေက ကော်ဖီနေရာမှာ အစားထိုးပြီး သောက်သင့်တဲ့အရာတွေကို အကြံပြုတဲ့အခါ အောက်ပါသောက်ဖွယ်ရာတွေကို တညီတညွှတ်တည်း ထောက်ခံခဲ့ကြပါတယ်။

(၁) တလဲသီးဖျော်ရည်

2

လူ့ကျန်းမာရေးကို ကောင်းမွန်စေတဲ့ သီးနှံတွေထဲမှာ တလဲသီးလည်း ပါဝင်ပါတယ်။ ဗီတာမင် C, ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယံဓာတ်တွေ အဓိကပါဝင်လို့ အစာခြေစနစ်နဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေအတွက်တော့ အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်။ အသီးကို ဖျော်ရည်လုပ်ပြီး နေ့ခင်းပိုင်း အစားစာပြီးချိန်မှာ နေ့စဉ် သောက်ပေးသင့်ပါတယ်။

 

(၂) လက်ဖက်ရည်ကြမ်း

1

လက်ဖက်ခြောက်မှာ သွေးလည်ပတ်မှုကို အထောက်အကူပြုတဲ့ဓာတ်တွေ များစွာပါဝင်ပါတယ်။ အထူးသဖြင့် သွေးတွင်း သကြားဓာတ်ပါဝင်မှုကို လျှော့ချပေးနိုင်ပြီး ကိုလက်စထရောတွေကိုလည်း ခြေဖျက်ပေးနိုင်ပါတယ်။ နေ့စဉ်ပုံမှန်သောက်သုံးပေးသင့်တဲ့ အရာဖြစ်ပါတယ်။ အချို့သော ဒေသတွေမှာတော့ လက်လက်ဆက်ဆက် ခူးထားတဲ့ လက်ဖက်စိမ်းကိုပင် ရေနွေးမှာ ခပ်ပြီး သောက်သုံးတာမျိုး ရှိပါတယ်။

 

(၃) ဘယ်ရီးသီးဖျော်ရည်

3

ချိုသလိုလို ချဉ်သလိုလို အရသာလေးနဲ့ ဘယ်ရီးမျိုးရင်းဝင် အသီးတွေကလည်း ကော်ဖီထက်စာရင် လူ့ကျန်းမာရေးကို ပိုပြီး အထောက်အကူပြုပါတယ်။ နွားနို့စသည်တို့နဲ့ ရောနှောက်သောက်လေ့ရှိကြပြီး ဘယ်နည်းနဲ့ဖြစ်ဖြစ် ကောင်းပါတယ်။ ဘယ်ရီသီးဖျော်ရည်တစ်ခွက်မှာ ပျမ်းမျှအားဖြင့် ပိုတက်စီယံ 114 mg အထိ ပါဝင်ပါတယ်။ အမျှင်ဓာတ်လည်း 14% အထိ ပါဝင်ပြီး ဗီတာမင် C ဓာတ်ကတော့ 24 % အထိတောင် ပါဝင်လို့ ကျန်းမာရေးကို အထူးကောင်းစေပါတယ်။

 

(၄) သံပုရာရည်

4

ကော်ဖီနေရာကို အစားထိုးသောက်သင့်တဲ့ အရာတွေထဲမှာ သံပုရာရည်လည်း ပါဝင်ပါတယ်။ ကဖိန်းဓာတ်ကြောင့် လူကို Active ဖြစ်စေတာထက်စာရင် ဗီတာမင် C ဓာတ်က လန်းဆန်းမှုကို ပိုပေးနိုင်သလို၊ ဘေးထွက်ဆိုးကျိုးလည်း လုံးဝ မရှိပါဘူး။ အထွေထွေကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ဖျော်ရည်ဖြစ်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

4.5 (8 Votes)