ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ကယ်လိုရီအမြန်လောင်ကျွမ်းစေမည့် ဖျော်ရည်များ

August 6, 2016

ကယ်လိုရီအမြန်လောင်ကျွမ်းစေမည့် ဖျော်ရည်များ

Share this on:

အဆီချလိုသူတွေအနေနဲ့ အောက်ပါ ဖျော်ရည်တွေကို ကိုယ်တိုင်လုပ်ပြီး အိပ်ယာမ၀င်ခင်မှာ ပုံမှန်သောက်သုံးပေးသင့်ပါတယ်။ ကယ်လိုရီလောင်ကျွမ်းမှုကို လျှင်မြန်စေပြီး အဆီကျသွယ်လျတဲ့ ခန္ဓာကိုယ်ကို အချန်တိုတိုလေးအတွင်းမှာ ရနိုင်မှာ သေချာကြောင်း Shwemom က ပြောချင်ပါတယ်။

(၁) သခွားသီးဖျော်ရည်

2

သခွားသီးကို ဖျော်ရည်ဖျော်စက်နဲ့ ကြိတ်ပြီး ညစဉ် အိပ်ယာဝင်ခါနီး သောက်သေးသင့်ပါတယ်။ အစာချေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အသားအရေကိုပါ ကျန်းမာစေတဲ့ ဖျော်ရည်ဖြစ်ပါတယ်။ အဆီကို တစ်ပတ်အတွင်း သိသိသာသာ ကျဆင်းစေပြီး ဘေးထွက်ဆိုးကျိုး လုံးဝမရှိတဲ့ ဖျော်ရည်ဖြစ်ပါတယ်။

(၂) ဂျင်းစိမ်းရေ

3

ဂျင်းစိမ်း လက်တစ်သစ်လောက်ကို အခွံခွာ ပါးပါးလှီးပြီး ပွက်ပွက်ဆူနေတဲ့ ရေနွေးအဖြူတစ်ဖန်ခွက်ထဲကို ငါးမိနစ်လောက် စိမ်ထားပါ။ အ၀င်အရမ်းဆိုးမယ်ထင်ရင် ပျားရည်အနည်းငယ်ကိုပါ ရောစပ်သောက်သုံးနိုင်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကယ်လိုရီနဲ့ ကိုလက်စထရောကို အမြန်ကျဆင်းစေတဲ့ ဖျော်ရည်ပဲ ဖြစ်ပါတယ်။

(၃) လိမ္မော်ရည်/သံပုရာရည်

4

သံပုရာရည် လိမ္မော်ရည်ကို လူတော်တော်များများ သုံးဆောင်လေ့ရှိကြတဲ့ အဆီချဖျော်ရည်ဖြစ်ပါတယ်။ သဘာဝအတိုင်း သောက်တာ ပိုကောင်းပြီး ပိုထိရောက်ပါတယ်။ ညစဉ် အိပ်ယာမ၀င်ခင် သောက်သုံးသင့်ပါတယ်။

(၄) လျှားစောင်းလက်ပတ်ဖျော်ရည်

5

လျှားစောင်းလက်ပတ်ရဲ့ အရသာဟာ အလွန်ခါးပြီး အ၀င်တော်တော်ဆိုးပါတယ်။ ဒါပေမယ့် ကျန်းမာရေးအရ အလွန်သင့်တော်လို့ ကြိတ်မှိတ် သောက်သင့်ပါတယ်။ ဘယ်လိုမှ မခံရပ်နိုင်လောက်အောင် အ၀င်ဆိုးတယ်ဆိုရင်တော့ ပျားရည်အ
နည်းငယ်နဲ့ ရောစပ်သောက်သုံးနိုင်ပါတယ်။ အများကြီး သောက်ရန် မလိုပါ။ ဟင်းစားဇွန်းတစ်ဇွန်းစာ လျှားစောင်းလက်ဖက် ပျော်ရည်ကို ရေနဲ့ ပျားရည်နဲ့ ရောစပ်သောက်သုံးပေးရုံပါဘဲ။

Credit: Shwemom http://shwemom.com

Review

User Rating

3.4 (19 Votes)