ဒီတခါမှာတော့ လွယ်လွယ်ကူကူ ချက်ပြုတ်ပြီး အာဟာရ ရှိတဲ့ ကင်မ်ချီ တို့ဖူးကြော်လေးကို ချက်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကင်မ်ချီ ၂ ခွက်စာ
  • ပါးပါးလှီးထားတဲ့ ဝက်သား ၂၀၀ ဂရမ်
  • ကြက်သွန် ၁ လုံးရဲ့ တစ်ဝက်
  • ကြက်သွန်မြိတ် ၂ ချောင်း
  • ဂျင်း တောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းကနေ ၃ ဇွန်း
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်း အနည်းငယ်
  • တို့ဖူး အတုံးကြီး ၂ တုံး

ပြုလုပ်နည်း

ကင်မ်ချီ နဲ့ ဝက်သားကို အတုံးလေးတွေ တုံးလိုက်ပါ။ ကြက်သွန်နီ နဲ့ ကြက်သွန်မြိတ်ကိုပါးပါးလှီးလိုက်ပါ။ ခွက်တစ်ခွက်ထဲမှာ ကင်မ်ချီ၊ ဝက်သား၊ ကြက်သွန်မြိတ် တို့ကို ရောပြီး နယ်ပါ။ ၁၅ မိနစ်လောက်ထားပါ။

အိုးထဲမှာ ရေ ဖန်ခွက် ၄ ခွက်စာထည့်ပြီး ဆူပွက်အောင်လုပ်ပါ။ တို့ဖူးကို အတုံးကြီး၂ တုံးကိုထည့်ပြီး ပြုတ်ပါ။ မီးကို အလယ်အလတ်လောက်လျော့ပြီး ၅မိနစ်လောက် ဆူပွက်အောင်ထားပါ။ တို့ဖူးကို သေချာဂရုစိုက်ပြီး မကြေအောင် ဆယ်ပါ။ လက်မဝက်ပတ်လည် အတုံးလေးတွေ သတိထားပြီး လှီးပါ။

ဒယ်အိုးကို မီးအလယ်အလတ်နဲ့ အပူပေးလိုက်ပါ။

ကင်မ်ချီ နဲ့ ဝက်သားတို့ကိုထည့်ပြီး မွှေလိုက်ပါ။ ကင်မ်ချီ နူးညံ့လာပြီး ဝက်သားကျက်လာပါလိမ့်မယ်။ ၅ မိနစ် ၆ မိနစ်လောက် ကျရင် အရည်တွေ အငွေ့ပြန်လာပါလိမ့်မယ်။

တို့ဖူးတုံးလေးတွေပေါ်မှာ ကင်မ်ချီနဲ့ ဝက်သားကို လောင်းထည့်လိုက်ပြီး သုံးဆောင်လို့ရပါပြီနော်။

ဒါမှမဟုတ် တို့ဖူးအတုံးလေးတွေ ဆီနဲ့ ကြော်ပြီးလည်း တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Koreanbapsang