ဘဲဥ ပုန်းရည်ဟင်း


Share this on:

ပါဝင်ပစ္စည်းများ

  • ဘဲဥ
  • ငံပြာရည် - အနည်းငယ်
  • ဆနွင်းမှုန့် - အနည်းငယ်
  • ဆား - အနည်းငယ်
  • ပုန်းရည် - ထမင်းစားဇွန်း၃ဇွန်း
  • မကျည်းရည် - ထမင်းစားဇွန်း ၃ ဇွန်း
  • ဂျင်း - တစ်လက်မ
  • ကြက်သွန်ဖြူ - အမွှာကြီး ၃မွှာ
  • ကြက်သွန်နီအလုံးကြီး - ၁ လုံး
  • ငရုတ်ပု -၂တောင့်
  • ဆီ - ၅ ကျပ်သား

ပြုလုပ်ပုံ

  1. ဘဲဥကို ဆယ်မိနစ်ပြုတ် အခွံခွာ ဓါးရာပေးပြီး ငံပြာရည် ဆနွင်းမှုန့် ဆားနည်းနည်းနဲ့နှယ်ထားပါ။
  2. ပုန်းရည်ထမင်းစားဇွန်း၃ဇွန်းကို ရေနွေးနဲ့ခပ်ပျစ်ပျစ်ဖျော်ထား မကျည်းရည်အပျစ် ထမင်းစားဇွန်း ၃ဇွန်း ဂျင်း တစ်လက်မ ကြက်သွန်ဖြူ အမွှာကြီး ၃မွှာ ကြက်သွန်နီအလုံးကြီး တလုံး ငရုတ်ပု ၂တောင့်ကို ညက်ညက်ထောင်းထားပါ။
  3. ဆီ၅ကျပ်သား ဆီပူလာရင်ထောင်းထားတာတွေဆီသတ် အရောင်တက်ပြီး အနံမွှေးလာရင် ဘဲဥထည့် ဘဲဥလေးတွေ အရေတင်းလာရင် ပုန်းရည်ထည့် မကျည်းမှည့်ထည့် ရေနွေးဖြူ လက်ဖက်ရည်ပန်းကန်တလုံးထည့် ပြီး ဆီပြန်အောင်တည်ပါ
  4. ဆီ၅ကျပ်သား ဆီပူလာရင်ထောင်းထားတာတွေဆီသတ် အရောင်တက်ပြီး အနံမွှေးလာရင် ဘဲဥထည့် ဘဲဥလေးတွေ အရေတင်းလာရင် ပုန်းရည်ထည့် မကျည်းမှည့်ထည့် ရေနွေးဖြူ လက်ဖက်ရည်ပန်းကန်တလုံးထည့် ပြီး ဆီပြန်အောင်တည်ပါ
  5. အရသာ စိတ်ကြိုက်ထည့်ပါ ။ဆီပြန်ရင် ဘဲဥ ပုန်းရည်ချက်ရပါပြီ။ ဘဲဥ ၁၅လုံးချက်ရဲ့ အချိုးအစားဖြစ်ပါတယ်။
Credit: Nan Kay Zin Oo

Review

User Rating

0 (0 Votes)

author-avatar

Recipes sent by our Users