ဘဲသားကို အိမ်မှာ ချက်စားကျတဲ့ ရာခိုင်းနှုန်း နည်းပါး ပါတယ်။ အိမ်ရှင်မ အတော်များများက ဘဲသားချက်လျင် ညှီနံ့ နံလို့ ဆိုပြီး အိမ်သားများ ဘဲသားစားခြင်တယ်လို့ ပူဆာလျင် ခေါင်းစားရတတ်ကျပါတယ်။ အိမ်ရှင်မတွေ အတွက် စည်ကိုယ်တိုင် စပ်ထားသော ဟင်းခတ်မှုန့်လေးနဲ့  ချက်ထားသော ဘဲသား ချက်နည်းလေး ရှယ်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘဲသား  –  တစ်ခြမ်း (အနေတော် အတုံးများ တုံးထားပါ)
  • အုပ်စု (က)
  • ဘဲသားကို ဆားနယ်ထားရန်
  • နာနတ်ပွင့်  –  ၅ ပွင့် (ကြိတ်ထားပါ)
  • လေးညှင်းပွင့်  –   ၃ ပွင့် (ကြိတ်ထားပါ)
  • ဇီရာစေ့  –  ၁ ဇွန်း (လက်ဖက်ဇွန်း/ ကြိတ်ထားပါ)
  • ငရုတ်ကောင်းစေ့အဖြူ  –  ၁/၄ ပုံ (လက်ဖက်ဇွန်း / ကြိတ်ထားပါ)
  • ငရုတ်ကောင်းစေ့အနက်  –  ၁/၄ ပုံ (လက်ဖက်ဇွန်း / ကြိတ်ထားပါ)
  • နံနံစေ့  –  တစ်ဝက်ဇွန်း (လက်ဖက်ဇွန်း / ကြိတ်ထားပါ)
  • ဆား  –  ၂ ဇွန်း (လက်ဖက်ဇွန်း)
  • ပဲငံပြာရည် အချို   –  ၂ ဇွန်း ခွဲ (လက်ဖက်ဇွန်း)
  • အုပ်စု (ခ) အနှစ်ဆီသတ်ရန်
  • ကရဝေးရွက်  –  ၃ ရွက်
  • သစ်ကြပိုးခေါက်  –  ၁ ခေါက်
  • ကြက်သွန်ဖြူ  –  ၃ မွှာ (ထောင်းထားပါ)
  • ချင်း  –  ၁ စိတ် (ထောင်းထားပါ)
  • ကြက်သွန်နီ  –  ၃ လုံး (ထောင်းထားပါ)
  • ငရုတ်သီးမှုန့်  –  ၁ ဇွန်း (စားပွဲဇွန်း)
  • ပဲပိစပ်ဆီ  –  ၆ ဇွန်း (စားပွဲဇွန်း)
  • နနွင်း  –  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • အရောင်တင်မှုန့်  –  ၂ ဇွန်း (လက်ဖက်ဇွန်း)
  • ငံပြာရည်  –   ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း)

ချက်ပြုတ်နည်း

  1. ဖန်ဇလုံအကြီးထဲတွင် အုပ်စု (က) ပစ္စည်းများ အားလုံးနှင့် ဘဲသား ထည့်ပြီးသေချာ နှံ့အောင် လက်ဖြင့် နယ်နှပ်ထားပါ ။
  2. အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် အုပ်စု (ခ)ကို ထည့်ပြီး ဆီသတ်ပါ ။  အနံမွှေးပြီး အားလုံး နွမ်းလာလျှင် ဘဲသားတုံးလေး များထည့်ပါ ။ ဆီသတ်ထားသော အနှစ်နဲ့နှံအောင် လုံးပါ ။  ပြီးမှ ရေကို နည်းနည်းချင်း ထည့်ပေးပြီး မီးအနေတော်ဖြင့် အဖုံး အုပ်ပြီး နှပ်ထားပါ ။  ၁၅ မိနစ်လောက် နှပ်ပြီးလျှင် ဘဲသား နူးမနူး ခရင်းဖြင့် ထိုး၍ စစ်ကြည့်ပါ ။
  3. ဘဲသားတုံးလေးများ အလွယ်တစ်ကူ ထိုးဖဲ့လို့ ရလာလျှင် ဆားမြည်းပါ ။  လိုတာ ထပ်ဖြည့်ပါ ။  အနှစ်ဆီ ပြန်အောင် ထားပါ ။ အုန်းထမင်း ၊ သီးစုံထမင်း ၊ ထောပတ်ထမင်း များဖြင့်တွဲဖက်စားလျှင် လိုက်ဖက်ပါတယ် ။