Dynamite Spring Roll

Share this on:

အစပ်ကြိုက်တတ်သူတွေ အတွက် ဖိလစ်ပိုင် လူမျိုးတို့ရဲ့ ရိုးရာစာ Dynamite Spring Roll လုပ်နည်းပါ ။ ကော်ပြန့်ကြော်နဲ့ နည်းနည်းဆင်ပါတယ် ။ ကော်ပြန့်လိပ် အဖတ်ကိုပဲ သုံးပါတယ် ။ သိပ်မစပ်တဲ့ ငရုတ်ပွ အရှည်တောင့်ကို အစာသွပ်မှာပါ ။

Dynamite Spring Rolls

လိုအပ်တဲ့ ပစ္စည်းများ

  •  နှစ်သက်ရာ အသားစင်းကော အနည်းငယ်
  • ကော်ပြန့်လိပ် အဖတ်
  • ငရုတ်ရှည်တောင့်
  • ချိစ့်
  • ဆား
  • ငရုတ်ကောင်း
  • ဆီ
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ကြက်ဥ တလုံး

ပြုလုပ်နည်း

  1. နှစ်သက်ရာ အသားတမျိုးမျိုးကို ဆား ၊ ငရုတ်ကောင်းတို့နဲ့ နယ်ပြီး ကြက်သွန်ဖြူ  ၊ ကြက်သွန်နီ ဆီသတ်၍ ကျက်အောင်ချက်ပါ ။
  2. ကြက် ၊ ဝက် ၊ အမဲ ကြိုက်ရာသုံးနိုင်ပါတယ် ။ ပိုကောင်းအောင် နံနံပင် ၊ သစ်ကြံပိုးခေါက်တွေ ထည့်နိုင်ပါတယ် ။
  3. ရေခြောက်အောင် စစ်ထားတဲ့ ငရုတ်ရှည်တောင့်များကို အလယ်ကောင် ခွဲပြီး အစေ့များထုတ်ပါ ။ အစေ့တွေ ထုတ်လိုက်ရင် မစပ်တော့ ပါဘူး ။ လက်မပူအောင် လက်အိတ် စွပ်ပါ ။ ချိစ့်ကို အတောင့်ရှည်လေးတွေ လှီးပါ ။
  4. အစေ့ထုတ်ထားသော ငရုတ်တောင့်ထဲ ချက်ထားတဲ့ အသားစင်းကော အစာသွပ်ပါ ။ အဝကို ချိစ့်အတောင့်လေးနဲ့ ပိတ်ပါ ။
  5. ကော်ပြန့်ဖတ်နဲ့ ထိပ်နှစ်ဖက်ကို ဖွင့်ပြီး လိပ်ပါ ။ ငရုတ်သီး အရင်းတံလေးကို အပြင်ထုတ်ထားပါ ။ အနားကို ကြက်ဥနှစ်ရည် သုတ်ပြီး ပိတ်ပါ ။
  6. ပြီးရင် ဆီပူမှာ ရွှေအိုရောင် ရသည်အထိ ထည့်ကြော်ပါ ။ ကျက်ရင် ဆီစစ်ပြီး ဆော့စ်တမျိုးမျိုးနဲ့ သုံးဆောင်နိုင်ပါပြီ ။

Credit: Original Post

Review

User Rating

5 (5 Votes)