ညည ကြိုးစားအိပ်ပေမယ့် အိပ်လို့ မပျော်ရင် သိပ်ကို စိတ်ညစ်ရပါတယ်နော်။ ညဖက်နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ရင် နောက်နေ့မှာ စိတ်က မကြည်သလို၊ အခုလို ညဖက်အိပ်ရေးပျက်တာ၊ အိပ်ရေးမဝတာတွေဟာ ကိုယ်အလေးချိန် တက်လာစေနိုင်ပါတယ်။

အိပ်မပျော်ခြင်းဆိုတာဘာလဲ

cantsleepatnight

ပင်ပန်းနွမ်းနယ်နေတဲ့အချိန်၊ စိတ်ဖိစီးမှုများနေတဲ့အချိန်၊ အားအင်မရှိတဲ့အချိန်၊ စိတ်ညစ်ညူးနေတဲ့အချိန်တွေမှာ အိပ်မပျော်တာမျိုးဖြစ်တတ်ပါတယ်။ ညဖက်မှာ ခဏခဏ နိုးတတ်တာကို ဆိုလိုတာပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက် ဖွားဖွားတို့လက်ထက်ကတည်းက အသုံးပြုခဲ့တဲ့ နည်းလမ်းဟောင်းတစ်ခုကို မျှဝေပေးလိုက်ပါတယ်။

ပျားရည်

Benefits-of-the-Power-food-Honey

ပျားရည်ဟာ အိပ်မပျော်ခြင်းကို အကောင်းဆုံး ကုသပေးနိုင်ပါတယ်။ ပျားရည်ကို ရှေးယခင်ကတည်းက ဆေးဖြစ်ဝါးဖြစ် အသုံးပြုခဲ့ကြပြီး ပျားရည်ဟာ ပင်ပန်းနွမ်းနယ်ခြင်းကို အကောင်းဆုံး ကုသပေးနိုင်ပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ဟာ ပင်ပန်းနွမ်းနယ်ခြင်းကြောင့် ညည အိပ်မပျော်ခြင်းကို အကောင်းဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ ပန်းသီးရှာလကာရည်နဲ့ ပျားရည် နှစ်ဇွန်းဆီကို ရေနွေးတစ်ခွက်နဲ့ ဖျော်လိုက်ပြီး ညအိပ်ယာမဝင်ခင်မှာ သောက်ပေးပါ။

What-Happens-When-You-Drink-Apple-Cider-Vinegar-and-Honey-Mixture

ညဖက် ခဏခဏ အိပ်မပျော်တာမျိုးဖြစ်နေရင် သင်အိပ်ယာမဝင်ခင် စိတ်ဖိစီးမှုကို လျှော့ချဖို့လိုအပ်ပါတယ်။ ညအိပ်ယာမဝင်ခင် ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာဟာလည်း စိတ်ဖိစီးမှု ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်ပါတယ်။ အိပ်ယာထဲမှာ ရှိနေစဉ်မှာလည်း ဝင်လေထွက်လေမှတ်တာ၊ အသက်ကို ခပ်ပြင်းပြင်းလေး ရှူလိုက် ထုတ်လိုက်လုပ်ပေးတာမျိုး လုပ်ပါ။