ပါဝင်ပစ္စည်းများ

ကန်စွန်းရွက် – ၁ စည်း (အနေတော်ဖြတ်ထားပါ)

ခနောကြက်သားမှုန့် – ၁ ဇွန်း စားပွဲဇွန်း

မန်ကျည်းရည် – ၁ ဇွန်း ခွဲ လ္ဘက်ဇွန်း

နံနံပင် – ၃ ပင် (ကြမ်းကြမ်းလေးလှီးထားပါ)

ဟင်းအနှစ်လုပ်ရန် (Curry Paste)

ကြက်သွန်ဖြူ – ၂ မွှာ (ထောင်းထားပါ)

ကြက်သွန်နီ – ၂လုံး (ထောင်းထားပါ)

နနွင်းမှုန့် – ၁/၄ ဇွန်း လ္ဘက်ဇွန်း

အရောင်တင်မှုန့် – ၁ ဇွန်း လ္ဘက်ဇွန်း

ဆီ – ၂ ဇွန်း စားပွဲဇွန်း

ဂျင်း – လက်တစ်ဆစ် (ထောင်းထားပါ)

ငပိစိမ်းစား – ၁ ဇွန်း လ္ဘက်ဇွန်း

ငရုတ်သီးစိမ်း – ၈ တောင့် (ထိပ်ပဲညှပ်ထားပါ)

ငံပြာရည် – ၁ ဇွန်း လ္ဘက်ဇွန်း

ပြုလုပ်နည်း

အိုးထဲ ဆီထည့်ပြီး ဆီပူလျှင် ဟင်းအနှစ်လုပ်ရန် ပါဝင်ပစ္စည်းများအားလုံးကို ဆီသတ်ပါ။ ရွှေရောင်သန်းပြီး မွှေးလာသည် အထိဆီသတ်ပါ။

ဆီသတ်ထားသောအိုးထဲ ရေ ၁ ခွက်ခန့် ထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလာလျှင် ကျန် ပါဝင်ပစ္စည်းများ ထပ်ထည့်ပြီးတည်ပါ။ ရေအနည်းငယ်ခမ်းလျှင် ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။

Knorr