အားလုံးပဲမင်္ဂလာပါနော်။ ခေါက်ဆွဲကြော်ကြိုက်တဲ့သူတွေအတွက် ဒီတခါမှာတော့ ရိုးရိုးလေးနဲ့ လုပ်ရလွယ်တဲ့ ကြက်သား၊ ပန်းဂေါ်ဖီခေါက်ဆွဲကြော်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

လုပ်ရတာလည်းလွယ်ပြီး ပြင်ဆင်ချိန် ၁၅ မိနစ်လောက်ပဲကြာမှာပါ။ သိပ်မအားတဲ့နေ့တွေမှာလည်း ခပ်မြန်မြန်လုပ်စားလို့ရတယ်နော်။ အိမ်မှာပဲ ကိုယ့်ဘာသာကိုယ် ကြော်စားမှာဆိုတော့ အရသာလည်းရှိ ကျန်းမာရေးနဲ့ လည်းညီညွတ်အောင် ချက်နိုင်မှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ခေါက်ဆွဲ
  • ကြက်သားအတုံးသေးသေးလေးလှီးပါ
  • ပန်းဂေါ်ဖီအနည်းငယ်
  • ငရုတ်သီးအစပ် အနည်းငယ်

  • ဟင်းချက်ဆီ ဆီအနည်းငယ်
  • နှမ်းဆီအနည်းငယ်

ဆော့စ်လုပ်ရန်

  • ကမာဆော့လ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည်အနည်းငယ်
  • ကြက်သွန်ဖြူတောက်တောက်စဉ်းအနည်းငယ်
  • နှမ်းဆီအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်သားကို ရေသေချာဆေးပြီးအတုံးသေးသေးလေးတွေလှီးပါ။ ပြီးရင်အိုးကိုအပူပေးလိုက်ပြီး ဆီနည်းနည်းထည့်ပါ။ ကြက်သားထည့်ပါ။ ပြီးရင်ကြော်ပေးပါ။ ဆော့စ်လုပ်ဖို့ ဖယ်ထားတဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို ထည့်လိုက်ပါ။

ခေါက်ဆွဲကိုသေချာပြုတ်ပြီးရပြီဆိုရင် ရေဆေးကာ ရေစစ်ထားပေးပါ။

ပန်းဂေါ်ဖီနဲ့ ငရုတ်သီး တို့ကိုလည်း ကြက်သားထဲထည့်ပြီး ကြော်ပေးပါ။

ကျက်ပြီဆိုရင်တော့ ရပါပြီနော်။

Source: mykoreankitchen.com

By: MyFood Myanmar