အားလုံးပဲ မင်္ဂလာပါ။ ချောကလက်ခေါင်းအုံးမုန့် ပြုလုပ်နည်းက လွယ်ကူရိုးရှင်းတဲ့အပြင် ပါဝင်ပစ္စည်းတွေကလည်း အလွယ်တကူရှာဝယ်လို့ရတာကြောင့် မိမိအိမ်မှာပဲ အလွယ်တကူလုပ်စားလို့ရတဲ့ အချိုပွဲလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆီအနည်းငယ်

  • ဂျုံပြား ၂၄ ပြား
  • လေးထောင့်တုံးချောကလက် ၁၂ တုံး
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်

စားပွဲပေါ်တွင် ဂျုံပြား ၁၂ ပြားကို အဆင်သင့်ဖြန့်ထားလိုက်ပါ။

ဂျုံပြားအလယ်တည့်တည့်မှာ ချောကလက်တုံး တစ်တုံးစီထည့်လိုက်ပါ။ လွတ်နေတဲ့ဂျုံပြားရဲ့ဘေးအနားသားကို ကြက်ဥနဲ့ သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် အခြား ဂျုံပြားတစ်ပြားကို အပေါ်ထပ်မှထပ်ပြီး ဘေးအနားသားကို လေမဝင်အောင် ပိတ်ထားလိုက်ပါ။

ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်ပြီး ဟင်းချက်သာမိုမီတာချောင်းထည့်လိုက်ကာ အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်ရောက်သည်အထိ စောင့်ပါ။ ၃၅၀ ဒီဂရီဖာရင်ဟိုက်ရောက်တဲ့အခါမှာတော့ သာမိုမီတာချောင်းဖယ်လိုက်ပြီး ချောကလက် ဂျုံပြား ထည့်ကြော်လိုက်ပါ။ လိုအပ်ပါက နှစ်ခြမ်းစလုံးကြော်ပေးပါ။ ဂျုံပြားများ ရွှေညိုရောင်ပြောင်းသွားပြီဆိုမှ ပန်းကန်ထံထည့်ပြီး အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ ချောကလက်ခေါင်းအုံးမုန့်လေး ရရှိသွားပါပြီ။

Source: justataste.com