မင်္ဂလာပါနော်။ မိမိချစ်သူခင်သူတွေကို အရသာရှိတဲ့ ဟင်းလျာလေးတွေချက်ပြုတ်ပေးရင် မိမိရဲ့ ချစ်ခြင်းမေတ္တာကိုဖော်ပြလိုက်ပါ။

ပါဝင်ပစ္စည်း

  • ကြက်ရင်အုံသား
  • ကြက်ဥ ၁ လုံး
  • Parmesan ချိစ် (ချိစ်အမာသား) မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် (သို့) မိမိနှစ်သက်ရာ အမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်သွန်နီမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း

အရင်ဆုံး ကြက်ရင်အုံသားကို ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်ကောင်း ဆားတို့နဲ့ ရောပြီး သေချာနယ်လိုက်ပါ။

ပြီးရင်ကြက်သားကို Parmesan ချိစ် (ချိစ်အမာသား) မှုန့်နဲ့ အပေါ်အောက်ကပ်ပေးလိုက်ပါ။

ပြီးရင် ဂျုံမှုန့် (သို့) မိမိနှစ်သက်ရာ အမှုန့်တစ်ခုခုထဲ နယ်လိုက်ပါ။

ပြီးရင် ကြက်ဥကို ခလောက်ပြီး ကြက်ဥထဲထည့်နယ်လိုက်ပါ။

ပေါင်မှုန့် အမှုန့် (သို့) မှုန့်ကြွပ်မှုန့်နဲ့ ကပ်လိုက်ပါ။

အဲဒီနောက် ဆီကို အပူပေးပြီး ကြက်သားကို ထည့်ကြော်လိုက်ပါ။

ဟိုဖက်ဒီဖက် ကျက်အောင်ကြော်ပြီးရင် ဆီစစ်လိုက်ပါ။

ပြီးရင်တော့ စားလို့ရပါပြီနော်။ အရသာရှိပြီး လျှာလည်သွားစေမှာပါ။

Credit: FabHow