ဒီနည်းလေး မသိခင်တုန်းက ကျနော်တို့တွေ လက်ဖက်ရည်အေး ရဖို့ ရေနွေးတည်၊ ပြီးလျှင် အအေးခံ (သို့) ရေခဲတုံးတွေ ထည့်ပြီး သောက်ခဲ့ကြတယ်နော် ။  ဒီနည်းလေးကတော့ မိမိအိမ်မှာ စိတ်ကြိုက် လက်ဖက်ရည်အေး လုပ်နည်းလေးဖြစ်ပါတယ် ။  ဒီနည်း လုပ်ဖို့အတွက် အရံသင့် သကြားထုပ်တွေလည်း ဝယ်စရာ မလိုပါ ။ မိမိကြိုက်နှစ်သက်တဲ့ လက်ဖက်ရည်ထုပ်ကို တစ်လီတာဆန့်သည့် ရေချိုင့်ထဲသို့ ရေအေး ထည့်ပြီး နာရီဝက်ခန့် စိမ်ထားလိုက်ပါ ။  ရေခဲသေတာထဲ ထည့်ထားမယ်ဆိုရင် တစ်ပါတ်လောက်ထိ လတ်ဆတ်တဲ့ အရသာရရှိနိုင်ပါတယ် ။  မိမိစိတ်ကြိုက် အရသာများကို ထည့်ပြီး စိတ်ကြိုက်   သောက်နိုင်ပါတယ် ။