ပါစတာဆိုရင်တော့ တချို့ကလည်း ကြိုက်ကြတယ်။ တချို့ကျတော့လည်း အီလို့ဆိုပြီး မကြိုက်ကြတာတွေ ရှိပါတယ်။ ဒါကြောင့် ပါစတာကိုစားတဲ့အခါမှာ လုံးဝမအီပဲစားကောင်းနေစေဖို့ ချဉ်ချဉ်စပ်စပ်လေးနဲ့ အရသာရှိအောင် လုပ်စားနိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

ချဉ်ချဉ်စပ်စပ်ပါစတာချက်ဖို့အတွက် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပါးပါးသေးသေးလေးတွေလှီးထားတဲ့ ကြက်သွန်နီ – တစ်လုံး၊ ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူ – တစ်တက်ထည့်ပြီး မွှေပေးပါ။

သေချာမွှေပြီးရင်တော့ ကျေနေအောင်ချေထားတဲ့ ခရမ်းချဉ်သီး – ၁၄ အောင်စထည့်ကာ ထပ်မွှေပေးပါ။ ပြီးတာနဲ့ ပြုတ်ပြီးသားပါစတာ – ခွက်ကြီး တစ်ခွက်စာကိုထည့်ကာ မွှေပေးပါ။ ရေ – ခွက်တစ်ဝက်စာကိုလည်း ထပ်မွှေပေးပါ။

ခဏကြာအောင်တည်ထားပြီးရင်တော့ ပန်းကန်ထဲခူးထုတ်ပြီး အသင့်စားသုံးနိုင်တဲ့ ချဉ်ချဉ်စပ်စပ်ပါစတာကို ရရှိသွားပါပြီ။

Photo Source: www.tasty.com