အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ စာဖတ်သူတို့အားလုံးနဲ့ ရင်းနှီးပြီးသားလည်းဖြစ်တယ်၊ အရသာလည်းရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ ကိုရီးယား ထမင်းလိပ်ပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ရေညှိချပ် ၄ ခု
  • ဟင်းနုနွယ်ရွက်အနည်းငယ်
  • ကြက်ဥ ၂ လုံး (ခလောက်လိုက်ပါ)
  • မုန်လာဥနီ တစ်ခြမ်း အရှည်လိုက်လှီးပါ
  • ဂဏန်းချောင်းအနည်းငယ်

  • မုန်လာဥဝါ (မထည့်ချင်လည်းရပါတယ်)
  • ထမင်း (ရှမ်းဆန်နဲ့ချက်ရင်ပိုကောင်းပါတယ်၊ ဆန်ဆီးတာနဲ့ချက်ပါ) ၂ ခွက်
  • နှမ်းဆီ (မွှေးအောင်ထည့်တာပါ။ တခြားဆီလည်းရပါတယ်။) အနည်းငယ်
  • ဆားအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်ဥမွှေကြော်ကို ခပ်ပါးပါးလေးကြော်ပြီး အရှည်လိုက်လှီးလိုက်ပါ။ ပြီးရင် မုန်လာဥနီကို အရှည်လိုက်လှီးပြီး ဟင်းနုနွယ်ရွက်ကိုပါ ပြုတ်လိုက်ပါ။

ပန်အိုးကို အပူပေးလိုက်ပြီး မုန်လာဥနီ၊ ဂဏန်းတို့ကိုချက်လိုက်ပါ။

ထမင်းကို ပန်းကန်ထဲထည့်ပြီး ဆီနဲ့ ဆားထည့်ကာ နယ်လိုက်ပါ။

ပြီးရင်တော့ ရေညှိချပ်ထဲထည့်ပြီး ထမင်းထည့်ကာ၊ တခြားအစာပလာတွေထည့်ပြီး လိပ်လိုက်ရုံပါပဲ။

ပြီးရင်တော့ အတုံးလေးတွေလှီးပြီး သုံးဆောင်နိုင်ပါပြီနော်။

Source: www.mykoreankitchen.com