အားလုံးပဲမင်္ဂလာပါနော်။ ကင်ချီကိုလည်း အားလုံးရင်းနှီးပြီးသားဖြစ်သလို ကင်ချီ ထမင်းကြော်ကိုလည်း ကိုရီးယားချစ်သူတွေအားလုံးရင်းနှီးပြီးဖြစ်မယ်လို့ထင်ပါတယ်။

အရသာရှိပြီး စာဖတ်သူတို့ကို လျှာလည်သွားစေမယ့် ရိုးရှင်းလွယ်ကူတဲ့ ကင်ချီ ထမင်းကြော်လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကင်ချီ ၁ ခွက်
  • ဝက်ပေါင်ခြောက်သား အနည်းငယ် (မိမိစားချင်တဲ့အသားထည့်နိုင်ပါတယ်။)
  • အပ်မှိုတစ်စည်း
  • ထမင်းဖြူ ၃ ခွက်
  • ကြက်ဥ အကြီး ၄ လုံး

  • ကြက်သွန်ဖြူ တောက်တောက်စဉ်း အနည်းငယ်
  • ကင်ချီအရည် ခွက် ၁/၄ ပုံ
  • နှမ်းဆီ အနည်းငယ်
  • ဟင်းချက်ဆီ အနည်းငယ်

  • နှမ်းလှော်အနည်းငယ်
  • ကြက်သွန်မြိတ်ပါးပါးလှီးအနည်းငယ်
  • ရေညှိချပ် အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဆီကိုအပူပေးပါ။ ပြီးရင်ကြက်သွန်ဖြူထည့်ပြီးခဏမွှေပေးပါ။ အဲဒီနောက် ဝက်ပေါင်ခြောက်ထည့်လိုက်ပါမယ်။ တစ်ဝက်လောက်ကျက်တဲ့အထိ မွှေပေးပါ။

ကင်ချီထည့်ပါ။ ခဏလောက်မွှေပေးပါ။ မီးကို အနေတော်ထားပါ။

အပ်မှိုထည့်ပါ။ ခဏလောက်မွှေပါ။

ပြီးရင်တော့ ကင်ချီအရည်၊ ထမင်းနဲ့ တခြားပါဝင်ပစ္စည်းတွေကိုထည့်ပြီး မွှေလိုက်ပါ။

ပြီးရင်တော့ အပူကိုလျှော့ပြီး နည်းနည်းထပ်မွှေပါ။ ရပြီဆိုရင် မီးပိတ်လိုက်ပြီး နှမ်းဆီနည်းနည်းထည့်ပါ။

အပေါ်ကနေ နှမ်း၊ ကြက်သွန်မြိတ်ဖြူးလိုက်ပါ။ ကြက်ဥကိုကြော်ပြီးအပေါ်က အုပ်လိုက်ပါ။

ဒါဆိုရင်တော့ သုံးဆောင်လို့ရပါပြီနော်။

Source: www.mykoreankitchen.com