Growth ဟော်မှုန်းတွေက ဆဲလ်တွေ ကြီးထွားဖို့၊ ဆဲလ်တွေ ထုတ်လုပ်ဖို့နဲ့ အရွယ်တင်နုပျိုဖို့အတွက် ကူညီပေးပါတယ်။ ဒါကြောင့် ဒီလို ဟော်မှုန်းဓာတ်တွေကို ထိန်းညှိနိုင်ပြီး ကိုယ်အလေးချိန် လျော့ကျဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှချင်ပါတယ်။

သကြား နည်းနည်းဘဲ စားပါ

1-Eat-Less-Sugar

သွေးအတွင်းမှာ အချိုဓာတ်မြင့်လေလေ Growth ဟော်မှုန်းတွေရဲ့ အဆင့်တွေကို ကျဆင်းစေပါတယ်။ ဒါကြောင့် အဝလွန်တဲ့သူတွေမှာ Growth ဟော်မှုန်းဓာတ်တွေကျဆင်းနေတတ်ပါတယ်။

ဒါကြောင့် သကြားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ ပရိုတင်းဓာတ်များတဲ့ အစားအစာများ၊ ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များကို အဓိကထား စားသုံးပါ။

အိပ်ရေး ၀၀ အိပ်ပါ

2-Get-More-Sleep

တစ်နေ့ကို အနှောင့်အယှက်ကင်းကင်းနဲ့ ၈ နာရီလောက် အိပ်ပါ။ သင်အိပ်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က ဟော်မှုန်းဓာတ်တွေ ထုတ်လုပ်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝရင် ခဏခဏ နိုးနေရင် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ဟော်မှုန်းဓာတ်တွေ မထုတ်လုပ်နိုင်တော့ပါဘူး။

စိတ်ဖိစီးမှုကို လျှော့ချပါ

3-Reduce-Your-Stress-Levels

စိတ်ဖိစီးမှုများနေရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ Growth Hormone နည်းနေရင် စိတ်ဖိစီးမှုများတဲ့ ဟော်မှုန်းက တက်လာလေလေပါဘဲ။ ဒါကြောင့် စိတ်ဖိစီးမှုကို ကိုယ်အတွက် အဆင်ပြေမယ့် နည်းလမ်းနဲ့ လျှော့ချပါ။

လေ့ကျင့်ခန်းလုပ်ပါ

5-Exercise

လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှု ဟော်မှုန်းကို အမြှင့်တင်နိုင်ဆုံး နည်းလမ်းပါဘဲ။ အားကစားပြင်းပြင်းထန်ထန်လုပ်လေလေ Growth ဟော်မှုန်းတွေက တက်လေလေဖြစ်တာကြောင့် လေ့ကျင့်ခန်းလိုက်စားတဲ့သူတွေဟာ ကျန်းမာရေးကောင်းပြီး ရုပ်နုကြတာပါ။

အမိုင်နိုအက်ဆစ် များများစားပါ

6-Increase-Your-Amino-Acid-Intake

နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ ပရိုတင်းဓာတ်က သွေးထဲက သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး Growth ဟော်မှုန်းဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ အမဲသား၊ ကြက်သားနဲ့ငါးတွေမှာ အမိုင်နိုအက်ဆစ်တွေ အများကြီးပါဝင်ပါတယ်။