ကြက်သွန်နီကို ဟင်းလျာတွေချက်တဲ့အခါ ဟင်းအနှစ်ရဖို့အတွက် အသုံးပြုကြပါတယ်။ ဒါပေမယ့် ကြက်သွန်နီအစိမ်း တစ်နေ့တစ်လုံး စားခြင်းဟာ ကျန်းမာရေးအတွက်အကျိုးပြုတယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။

၁။ပန်းနာရင်ကြပ်

ကြက်သွန်နီထဲမှာ ဓာတ်မတည့်ရာမှဖြစ်ပေါ်လာတဲ့ ရောဂါတွေကို ကုသပေးတဲ့ Quercetin ဆိုတဲ့ အာနိသင်ပါဝင်ပါတယ်။ယင်း Quercetin ဟာ ဓာတ်မတည့်မှုတွေ၊ယောင်ယမ်းမှုတွေကို တားဆီးပေးတဲ့ ပန်းနာရင်ကြပ် ကိုလည်း ကုသနိုင်စွမ်းပါတယ်။ထို့ပြင် Quercetin ကအသက်ရှူလမ်းကြောင်းမှာရှိတဲ့ လေပြွန်တွေကို ကျယ်စေတယ်လို့လည်း သိရပါတယ်။

၂။ကင်ဆာ

ကြက်သွန်နီဟာ နနွင်းနဲ့ရောလိုက်တာနဲ့ ကင်ဆာဖြေဆေးတစ်ခုဖြစ်သွားပါတယ်။ အူလမ်းကြောင်းထဲရှိ ကင်ဆာဖြစ်စေတဲ့ အရင်းအမြစ်တွေကို လျော့ပါးသေးငယ်စေတဲ့အတွက်လည်း အူမကြီးကင်ဆာကို ကာကွယ်ပေးပါတယ်ကြက်သွန်နီရဲ့ နံရံမှာရှိနေတဲ့ အော်ဂဲနို ဆာလဖာ ဒြပ်ပေါင်းတွေဟာ ကင်ဆာဆဲလ်တွေတိုက်ဖျက်ပေးလို့ တစ်နေ့တစ်လုံးပုံမှန်စားသင့်ပါတယ်။

၃။ ဆီးချိုရောဂါ

ကြက်သွန်နီမှာပါဝင်တဲ့ Allyl Propyl Disulphide လို့ခေါ်တဲ့ အဆီဟာ ဆီးချိုရောဂါကို ကုသပေးနိုင်တဲ့ အင်ဆူလင် (Insulin) ဟော်မုန်းဓာတ်ကို ထုတ်လုပ်ပေးပါတယ်။

၄။ နှလုံးရောဂါ

နှလုံးကျန်းမာရေးအတွက် စာသုံးသင့်တဲ့ အစာအာဟာရထဲမှာ ကြက်သွန်နီကို ထည့်စဉ်းစားမိကြမှာ မဟုတ်ပေမယ့် ကြက်သွန်နီဟာ အမှန်တကယ်တော့ ဆေးဖက်ဝင်ပါတယ်။ကြက်သွန်နီထဲရှိ Quercetin ဓာတ်ဟာ လူကြီးပိုင်းသွေးတိုးရောဂါရှိသူတွေအတွက် သွေးပေါင်ချိန်လျော့နည်းစေရန် ကူညီပေးပါတယ်။ ဝိုင်နီထဲမှာပါဝင်တဲ့ နှလုံးကာကွယ်ပေးတဲ့ ဓာတ်ပစ္စည်းထက် ကြက်သွန်နီဟာ ပိုပြီးအာနိသင်စွမ်းအားများပါတယ်။နှလုံးသွေးလွှတ်ကြောမာခြင်းကိုကာကွယ်ပေးနိုင်တယ်လို့လည်းဆိုပါတယ်။

၅။သွားများ ဆွေးမြေ့ခြင်း

ကြက်သွန်နီအစိမ်းစားခြင်းဟာ ခံတွင်းကိုနံစေပေမယ့် တကယ်တမ်းတော့ ခံတွင်းကျန်းမာရေးအတွက် အထောက်အကူဖြစ်ပါတယ်။ ကြက်သွန်နီကို အစိမ်းလိုက်ဝါးစားပေးခြင်းဖြင့် သွားများကို ခိုင်မာစေပြီး သွားဆွေ့မြေ့ခြင်းရဲ့ တရားခံဖြစ်တဲ့ ဘက်တီးရီးယားပိုးများက ိုတိုက်ဖျက်ပေးပါတယ်။

onion-tooth

လွယ်ကူလှတဲ့ ကြက်သွန်နီသဘာဝဖြစ်ဆေးကို တစ်နေ့တစ်လုံး ပုံမှန်စားပေးခြင်းဖြင့် ရောဂါဘယမှ ကင်းဝေးကြပါစေ။