ကြက်သွန်နီကတော့ မြန်မာတို့ရဲ့ မီးဖိုချောင်တိုင်းမှာ မရှိမဖြစ်ပါပဲ။

3_1454072074

အစားအစာချက်ပြုတ်ရာမှာ အဓိကအသုံးပြုလေ့ရှိပြီး စားသုံးကြတာမို့ ကြက်သွန်နီရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

ကြက်သွန်နီကို ချက်ပြီးစားတာထက် အစိမ်းလိုက်စားပေးတာဟာ ပိုပြီး အကျိုးကျေးဇူးများပါတယ်။

ကြက်သွန်နီမှာပါတဲ့ အဟာရဓါတ်တွေကို အပြည့်အဝလည်းရရှိနိုင်ပါတယ်။ ( ကြက်သွန်နီအဖြူနဲ့ အနီ နှစ်မျိုးရှိတဲ့အထဲက ကြက်သွန်နီ အနီကို ရည်ညွှန်းပါတယ်။)

ကင်ဆာဆဲလ်ကြီးထွားမှုကိုကာကွယ်ပေးခြင်း

stop-cancer

ကြက်သွန်နီဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။

ဆီးချိုထိန်းညှိပေးခြင်း

diabetes

ကြက်သွန်နီကို အစိမ်းစားတာဟာ အင်ဆူလင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ သွေးတွင်း ဂလုကို့စ်ပါဝင်မှုကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဓါတ် ထုတ်လုပ်နိုင်မှုအားနည်းတာကြောင့် ဆီးချိုဖြစ်ရတာပါ။ ဒါ့ကြောင့် ကြက်သွန်နီကို အစိမ်းစားပေးပါ။

ဝမ်းချုပ်ခြင်း

constipation

ကြက်သွန်နီမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ဝမ်းချုပ်တာကို ပျောက်ကင်းစေပြီး ဝမ်းမှန်စေပါတယ်။

လည်ချောင်းနာခြင်း

sore-throat-remedies

ကြက်သွန်နီအရည်ကို နှစ်ပေါင်းများစွာကတည်းကလည်ချောင်းနာတာတွေနဲ့ အအေးမိတာတွေအတွက် ဆေးတစ်လက်အဖြစ် အသုံးပြုခဲ့ကြတာပါ။

နှာခေါင်းသွေးလျှံခြင်း

57307399_XS

ကြက်သွန်နီရဲ့ အနံ့က နှာခေါင်းသွေးလျှံတာကို ရပ်တန့်စေပါတယ်။

နှလုံးရောဂါ

heart_disease_s7_cardiac_arrest

ကြက်သွန်နီဟာ သွေးတိုးကျစေတာတဲ့အပြင် နှလုံးဆိုင်ရာရောဂါတွေကို ကာကွယ်ပေးပါတယ်။

ကိုလက်စထရော

article-201441116204022840000

ကြက်သွန်နီအစိမ်းဟာ ကိုလက်စထရောပါဝင်မှုကိုထိန်းချုပ်ပေးပါတယ်။