ဆံပင်ပေါက်ခြင်း၊ ကျွတ်ခြင်းများသည် စားသောက်မှုစတိုင်နှင့် လူနေမှုပုံစံများနှင့် ခိုင်ခိုင်မာမာဆက်စပ်မှုရှိတယ်ဆိုတာကို မေ့ထားပြီး ပြဿနာဖြစ်တာ ကိုပဲ ခေါင်းစားခံနေကြပါတယ်။ ဆံကေသာကို ဘယ်လောက်မှန်မှန် ဆီလိမ်းခြယ်ပြီး ပေါင်းတင်ပေးနေပါစေ  အတွင်းပိုင်း ဂရုစိုက်မှုမရှိဘူးဆိုရင်တော့ ဘာမှထူးခြားမှာရှိလာမှာ မဟုတ်ပါဘူးနော်။ ဒါကြောင့် ယခုဖော်ပြမည့်အစားအစာများကို မှန်မှန်စားသုံးပေးပါက ဆံကေသာကျန်းမာလာကာ ဆံပင်ကျွတ်တာကို ရပ်တန့်စေနိုင်မှာလည်းဖြစ်ပါတယ်။

၁။ ဒေါက်ခွရွက်

သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ဆံပင်ကျွတ်မှုကို ဒေါက်ခွရွက်ကို စားသုံးပေးခြင်းဖြင့် သက်သာစေမှာဖြစ်ပါတယ်။ ဆံပင်အတွက် သဘာဝပေါင်းတင်ဆေးအနေဖြင့် လုပ်ဆောင်ပေးနိုင်သော ဆီလည်းပါဝင်ပါသေးတယ်။

၂။ ကြက်ဥနှင့် နို့ထွက်ပစ္စည်းများ

လိုအပ်သောအာဟာရဓာတ်များမျိုးစုံပါဝင်သောကြောင့် ဆံပင်ရှည်လျားမှုနှင့် ထူထဲမှုအတွက် အကောင်းဆုံးအစားအစာများဖြစ်ပါတယ်။

၃။ အခွံမာသီးများ

ဆံကေသာကို သန်စွမ်းစေပြီး ဦးရေပြားကိုအာဟာရဖြစ်စေသည့် ဘိုင်အိုတင်း၊ ဗီတာမင် B1, B6, B9၊ ဗီတာမင်အီး နှင့် အခြားဓာတ်များ ပါဝင်သည့် အသီးတစ်မျိုးတည်းဖြစ်ပါတယ်။

၄။ မာလကာသီး

ဗီတာမင်စီသည် ဆံသားကို ကြွပ်ဆပ်ကြမ်းတမ်းစေမှုမှ ကာကွယ်ပေးရုံသာမက ဗီတာမင်စီပါဝင်မှုမှာလည်း လိမ္မော်သီးများထက် ပိုများပါတယ်။

၅။ ပဲနီကလေး

ဆံပင်အတွက်ကောင်းမွန်သော ပရိုတင်း၊ သံဓာတ်၊ ဇင့်နှင့် ဘိုင်အိုတင်းတို့ပါဝင်ပါတယ်။ အောက်ဆီဂျင်အများအပြားနှင့် ဦးရေပြားကို ထောက်ပံ့ပေးသော သွေးနီဆဲလ်များကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေသည့် ဖော့လစ်အက်စစ်လည်း အပြည့်ပါဝင်ပါတယ်။

၆။ ကြက်သား

ဆံသားသည် ပရိုတင်းနှင့်ပြုလုပ်ထားသောကြောင့် သဘာဝအတိုင်းဖြစ်ပေါ်ပြီး အရည်အသွေးအထူးကောင်းမွန်သည့် ပရိုတင်းနှင့် ကြက်သားကိုစားသုံးခြင်းက ဆံသားအတွက် အထူးကောင်းမွန်ပါတယ်။

၇။ မုန်လာဥနီ

မျက်လုံးအတွက်သာမက ဆံပင်အတွက်ပါအထူးကောင်းမွန်သော မုန်လာဥနီများသည် ဆံကေသာ ကြေမွခြင်းမှ ကာကွယ်ပေးတဲ့ သဘာဝပေါင်းဆေးအဖြစ် လုပ်ဆောင်ပေးသည့် ဗီတာမင်အေပါဝင်ပါတယ်။