ကညွတ်ပင် (Asparagus) သည် အသည်းဆဲလ်များ၏ အဆိပ်ဖယ်ရှားနိုင်မှုကို ကူညီပေး နိုင်ကြောင်း လေ့လာမှုတစ်ရပ်အရ သိရှိရသည်။ ထို့ပြင်ကညွတ်ပင်သည်အရက်အလွန် အကျွံသောက်ပြီး နောက်ဖြစ်ပွားသည့် မအီမသာဖြစ်ခြင်း (့Hangover) ကိုလည်း သက်သာစေသည်ဟုဆိုထားပါသည်။တောင်ကိုရီးယားနိုင်ငံ၊ ဂျေဂျူး အမျိုးသားတက္ကသိုလ်နှင့် ဆေးသိပ္ပံ ပညာဌာန၏ ပူးပေါင်းလေ့လာချက် အရမအီမသာဖြစ်မှုကို သက်သာစေရသည်မှာကညွတ်တွင်ပါဝင်သောအမိုင် နိုအက်စစ်နှင့် ဓာတ်သတ္တု (Minerals) များကြောင့်ဖြစ်သည်ကို ဖော်ထုတ်နိုင်ခဲ့သည်၊ ယင်းသုတေသီ များက ကညွတ်ပင်၏ ပင်စည်နှင့်အရွက်များတွင်ပါဝင်သော ဇီဝဓာတု အာနိသင်က လူသားများနှင့် ကြွက်များ၏ အသည်းဆဲလ်အပေါ် သက်ရောက်နိုင်မှု ကိုလေ့ လာနိုင်ခဲ့သည်။

asparagus-with-garlic

လေ့လာမှုခေါင်းဆောင် ဂျေဂျူး အမျိုးသားတက္ကသိုလ်မှ သုတေသီ Dr. By Kim က ယမကာကိုနှစ်ရှည် သောက်သုံးသူများတွင် အသည်း အပေါ်ဓာတ်တိုးအာနိသင်များဖြစ်စေကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ မအီမသာ ဖြစ်မှုကိုလည်းခံစားရကြောင်း၊ ဆဲလ် အဆိပ်အတောက် (Cellular Toxicity) များအသည်းအပေါ်တွင်စုပုံလာ ကြောင်းရှင်းပြခဲ့ပါသည်။ ယခုလေ့လာခဲ့မှုအရ ကညွတ်ပင်၏ အရွက်များတွင် အများဆုံးပါဝင်သော အမိုင်နိုအက်စစ် နှင့်ဓာတ်သတ္တုအချို့အထက်ပါမအီမသာဖြစ်မှုများကို သက်သာစေပြီး အသည်းဆဲလ်၏ ကျန်းမာရေးကို အထောက်အကူ ပြုကြောင်းဖော်ထုတ်နိုင်ခဲ့သည်။

ကညွတ်ပင်ကို ကမ္ဘာတစ်ဝှမ်း တွင် တိုင်းရင်းဆေးအဖြစ်၊ ဟင်းလျာ အဖြစ်သုံးစွဲနေကြပြီး ကင်ဆာရော ဂါကိုသက်သာစေသောတိုင်းရင်းဆေး အဖြစ် လူသိများသည်။ ယင်း တွင်ဆီး ရွှင်စေသော ၊ရောင်ရမ်းမှု ကိုသက်သာ စေသောအရေပြားမှိုစွဲကပ်ခြင်းကိုကာ ကွယ်ပေးသော အာနိသင် များလည်းရှိ သည်။ ယခုလေ့လာမှုကို Journal of Food Science တွင် ပုံနှိပ်ဖော်ပြထား ခြင်းဖြစ်သည်။

Credit: Health Updates Journal