လေ့လာတွေ့ရှိချက်အရ ထောပတ်သီးစားပေးခြင်းသည် ကိုလက်စထရောကို လျော့နည်းစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးစေပါတယ်။

ယင်းလေ့လာမှုတွင် အဝလွန်သူများနှင့် ကိုလက်စထရောများသူတို့ကို အစာသုံးကြိမ်ခွဲစားခိုင်းစေပါတယ်။ ပထမတစ်ကြိမ်တွင် အဆီနည်းသောအစာ၊ ဒုတိယအကြိမ်တွင် အဆီ အတန်အသင့်ရှိသောအစာနှင့် နောက်ဆုံးအကြိမ်တွင် အဆီအတန်အသင့်ရှိသောအစာနှင့် ထောပတ်သီးကို တွဲဖက်စားသုံးစေပါတယ်။

ရလဒ်မှာ စမ်းသပ်ပြီး ၅ပတ်အကြာတွင် မည်သူမှ ကိုယ်အလေးချိန် လျော့မကျသော်လည်း ကိုလက်စထရော မှာ သိသိသာသာကျဆင်းသွားပါတယ်။ ထောပတ်သီး ပါရှိတဲ့ အစာစနစ်ဟာ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများဖြစ်လာစေသော LDL ကိုလက်စထရောကို ထိထိရောက်ရောက် လျော့နည်းစေပါတယ်။ ထို့အပြင် ထောပတ်သီးမှာ ကင်ဆာရောဂါကာကွယ်နိုင်သော အာနိသင်ရှိသဖြင့် အသက်ရှည်ကျန်းမာစေပါတယ်။