ကမ္ဘာတစ်လွှားမှာ အင်းဆက်ပိုးမွှားတွေကို အစားအစာ အဖြစ် စားကြတဲ့ နိုင်ငံတွေ ရှိပါတယ်။ အခြားမကြည့်ပါနဲ့ မြန်မာမှာတောင် စားနေကြတဲ့ အကောင်တွေ ရှိပါတယ်။ ပုရစ် ဆိုရင်တော့ အတော်များများကို စားကြပါတယ်။ ဆေးအဖြစ်နဲ့ ကင်းမြီးကောက်၊ ကင်းခြေများတွေကိုလည်း စားကြပါသေးတယ်။ စားလို့ ရတဲ့ အင်းဆက်တွေ အကြောင်း ကြည့်ရအောင်နော်။

နှံကောင်

Source: commons.wikimedia.org

တကယ်ကြီးပါ။ နှံကောင်ကို သင်တို့ စားဖူးပါသလား။ တကယ်ပဲ နူးညံ့ပြီး အရသာ ရှိတဲ့ အစားအစာ ဖြစ်ပြီး ကင်ပြီးလည်း စားကြပါတယ်။ အမေရိကန်တွေကတော့ နှံကောင်ကို ကင်စားကြပါတယ်။

ပုရစ်

Source: livingnomads.com

ပုရစ်ကတော့ မြန်မာပြည်မှာလည်း စားကြပါတယ်။ ပုရစ်ဟာ ငရုတ်သီးစပ်စပ်နဲ့ ကြော်ပြီး ဘီယာနဲ့ မြည်းကြတာများပါတယ်။ နိုင်ငံတော်တော်များများ စားကြပါတယ်။

၃။ ကင်းမြီးကောက်

Source: Flickr

ကင်းမြီးကောက်ကို စားလို့ရတယ်ဆိုတာ သတင်းကောင်းပါပဲ။ အဆိပ်တွေအတွက်တော့ စိတ်မပူပါနဲ့ ချက်လိုက်တာနဲ့ အဆိပ်တွေက ပျယ်သွားပါတယ်။ ဒါပေမယ့် သင်က အဆိပ်တွေကို စိတ်ပူလို့ မစားဘူးဆိုရင်တော့ အမြီးက အဆိပ် ထွက်တဲ့နေရာကို ချိုးပြီးမှ စားပါ။ ကင်းမြီးကောက်ကို ကြော်စား၊ ကင်စားကြပါတယ်။

၄။ Potato Bugs

Source: Food For Net

ပုရွတ်ဆိတ်မျိုးနွယ်ဝင် ဖြစ်ပြီး အဆိပ်အနည်းငယ် ရှိပါတယ်။ အကိုက်ခံရရင် နီမြန်းလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူဟာ စားလို့ ရတဲ့ အင်းဆက်တစ်မျိုးပါ။

၅။ ပုရွတ်ဆိတ်

Source: amazing-places.com

ပုရွတ်ဆိတ်ကို အချို့က ကြက်ဥနဲ့ ကြော်စားကြပါတယ်။ ပုရွတ်နီတွေကိုတော့ သိပ်မစားကြပါဘူး။ သူတို့ကို အများအားဖြင့် ကြော်စားကြပါတယ်။

၆။ တီကောင်

Salad ကို အိုင်ဒီယာ အဆန်းနဲ့ လုပ်ဖို့ တွေးမိပါသလား။ တီကောင်အနည်းငယ်ကို ထည့်လိုက်ပါ။ အနည်းငယ်စီ လှီးပြီးတော့ ထည့်နိုင်ပါတယ်။

၇။ ခြကောင်များ

ခြကောင်တွေကို ထောင်းစားကြတယ်။ ကြော်စားကြပါတယ်။ အစားသောင်းကျန်းသူတွေကတော့ အတော်စားကြပါတယ်။

၈။ ပင့်ကူ

Source: Sonya and Travis

ပင့်ကူတွေကို ကင်စား ကြော်စားကြပါတယ်။ ကမ္ဘောဒီးယားမှာတော့ နာမည်ကြီးတဲ့ အစားအစာ တစ်ခုလို့ ဆိုပါတယ်။

၉။ မျှော့

မျှော့မှာတော့ ပင်လယ်မျှော့ကို စားကြတာ များပါတယ်။ မြန်မာပြည်မှာတောင် Hot Pot တွေထဲ ထည့်စားကြပါတယ်။

၁၀။ Beetle Larvae

မြန်မာနိုင်ငံမှာတော့ နောက်ချီးထိုးပိုးလို့ ခေါ်ကြသလို သစ်ပိုးလို့လည်း ခေါ်ကြပါတယ်။ ကြော်စား ချက်စားကြပါတယ်။

Source: hellogiggles