ညဘက်ဟောက်တဲ့အသံက ကိုယ်နဲ့ တစ်အိမ်ထဲမှာ အိပ်နေသူတွေအတွက် အနှောင့်အယှက်ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်က တခြားသူတွေနဲ့ အတူ တိုက်ခန်းငှားပြီး စုနေတာမျိုး၊ အဆောင်မှာနေတာမျိုးဆိုရင် ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

ညဘက်အိပ်စက်တဲ့အခါမှာ ဟောက်သံထွက်တယ်ဆိုတာလည်း အသက်ရှူလမ်းကြောင်းမှာ လေရှူတဲ့အချိန်မှာ အခက်အခဲဖြစ်နေ အတားအဆီး ဖြစ်နေလို့ကြောင့်ပါ။

အောက်စီဂျင်ရရှိတဲ့နှုန်း ကျလာတဲ့အခါမှာ ဟောက်တာဖြစ်ပြီး အောက်စီဂျင်ရတဲ့နှုန်း ပုံမှန်ဖြစ်အောင် ရှူလိုက်တဲ့အခါမှာ အသံကျယ်ကျယ် လောင်လောင် ထွက်လာတာပါ။ လေက ကျဉ်းမြောင်းတဲ့ လေပြွန်ကို ဖြတ်သန်းရလို့ဖြစ်ပါတယ်။

တိုဖူး

tofu-500x353

တိုဖူးက အသက်ရှူလမ်းကြောင်းစနစ်ကို ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်တာကြောင့် ဟောက်တာကိုလျော့နည်းစေပြီး ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။

ပျားရည်

honeyjar

ပျားရည်မှာ အဟာရဓာတ်ပေါင်းများစွာနဲ့ သဘာ၀ သကြားတွေပါဝင်ပြီး အိပ်တာကို ထိခိုက်နိုင်တဲ့ ပြဿနာတွေကို အကောင်းဆုံးတိုက်ခိုက်နိုင်တဲ့ အစားအစာဖြစ်ပါတယ်။

သူက လည်ပင်းနဲ့ လေပြွှန်ကို ပျော့ပြောင်းစေပြီး လေပြွှန်ကျဉ်းလာတာကြောင့် ဟောက်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။

သူ့မှာ အိပ်ကောင်းစေဖို့ လိုအပ်တဲ့ Melatonin ဓာတ်လည်းပါဝင်ပါတယ်။

အဆီများတဲ့ ငါးများ

Pescado-azul-500x334

အဆီများတဲ့ငါးတွေမှာ Antioxidants တွေနဲ့ Omega-3 Fatty Acids တွေပါဝင်ပြီးဒါတွေက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ဓာတ်တွေ ဖြစ်ပါတယ်။

အဲ့ဒီအပြင် လည်ပင်း ကြွက်သားတွေကို ပျော့ပြောင်းစေပြီး အသက်ရှူဖို့ ခက်ခဲတာတွေကိုလည်း ကူညီပေးနိုင်ပါတယ်။

ဒီလို အဆီများတဲ့ငါးတွေကို တစ်ပတ် ၂ ခါစားရင် သွေးလွှတ်ကြောကို ဆေးကြောပေးပြီး၊ ကိုယ်လက်စထရော ဓာတ်မြင့်မားမှုကိုလည်း လျော့ချပေးကာ နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။