ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ကျန်းမာသက်ရှည်ဖို့ ရှောင်ရန်ဆောင်ရန် အစားအစာများ

August 3, 2016

ကျန်းမာသက်ရှည်ဖို့ ရှောင်ရန်ဆောင်ရန် အစားအစာများ

Share this on:

အစားအသောက်ဟာ လူရဲ့ ခန္ဓာကိုယ်ကြီးကို အသက်နဲ့ကိုယ် အိုးစားမကွဲစေဖို့ အဓိက စွမ်းဆောင်ပေးတဲ့ ခံတပ်ကြီးဖြစ်ပါ
တယ်။ လူတစ်ယောက်ရဲ့ အခြေအနေမှာ အစားအစာမ၀င်တော့ဘူး-ဆိုတဲ့ အခြေအနေဆိုရင် မကြာပါဘူး … အဲဒီလူ သေတော့မယ်ဆိုတာ လူတိုင်း အလိုလို နားလည်ကြပါတယ်။ ဒါပေမယ့် တစ်ချို့အစားအစာတွေကျတော့ အသက်ကို တိုစေနိုင်ပါတယ်။ အခု Shwemom ပရိသတ်ကြီးအတွက် သက်ရှည်ကျန်းမာဖို့ ဆောင်ရန်ရှောင်ရန် အစားအစာတွေကို ဖော်
ပြပေးလိုက်ပါတယ်

(၁) အသီးအရွက်မျိုးစုံ

2

အသီးအရွက်မျိုးစုံထဲမှာ အဆိပ်အတောက် ပါဝင်တဲ့ အသီးအရွက်တွေ ရှိနိုင်ပါတယ်။ ဥပမာ ဒညင်းသီး၊ ဒူးရင်းသီး၊ ပဲမြစ်-စတာတွေကိုတော့ ရှောင်နိုင်ရင် ရှောင်ပါ။ တစ်ချို့က အဲဒါတွေကို အထူးကြိုက်ကြပါတယ်။ ဒါ့အပြင် တစ်ချို့တွေကျတော့ ပဲမြစ်စားရင် ပျိုခြင်းအန်ခြင်းတွေ ဖြစ်တာမျိုး ရှိပါတယ်။ ဒီတော့ ကိုယ်နဲ့ မတည့်တဲ့အစားအစာဆို ရှောင်ပါ။ ပန်းသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ စတာတွေကို များများစားပေးပါ။

(၂) ငါးမျိုးစုံ

ငါးထဲမှာလည်း ငါးသလောက်တို့၊ ဆာဒင်းငါးတို့ဟာ အကြောတက်စေတယ်လို့ သိရပါတယ်။ အဲဒီလို ငါးမျိုးတွေကို ရှောင်
ပြီး ဆော်လမွန်၊ ငါးကြင်း၊ ငါးမြင်း စတာတွေကို ပုံမှန်အစားအစာထဲမှာ ထည့်ပြီး စားပေးပါ။

(၃) ဆား/သကြား လျှော့ပါ

3

ကျန်းမာရေးကို ဆိုးရွားစေတဲ့ ဆား/ သကြားကိုတော့ လျှော့စားဖို့ လိုပါတယ်။ ဆားဓာတ်/သကြားဓာတ် အပ်ချက်ရှိ
တယ်လို့ ဆရာဝန်က ညွှန်းတဲ့လူနာက လွဲရင် ကျန်တဲ့သူတွေအနေနဲ့ ဆား/သကြားကို လျှော့စားဖို့ သင့်ပါတယ်။ ရေရှည် ကျန်းမာရေးကိုလည်း စောင့်ရှောက်ရာ ရောက်ပါတယ်။

(၄) ရေ အဆာမခံပါနဲ့

အရေးကြီးတဲ့အချက်က ရေ အဆာမခံဖို့ လိုပါတယ်။ ရေဟာ လူရဲ့ ကုန်ခမ်းသွားတဲ့ စွမ်းအင်တွေကို အမြန်ဖြည့်တင်းပေးနိုင်တဲ့ သဘာဝဆေးဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်တာနဲ့အမျှ ရောဂါလက္ခဏာတွေ ၀င်ရောက်လာမှာ ဖြစ်ပါတယ်။ ဥပမာ မောပန်းခြင်း၊ ၀မ်းချုပ်ခြင်း၊ နှုတ်ခမ်းအာခေါင် ကွဲခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အရေပြား အက်ခြင်း-စတာတွေ ဖြစ်ပါတယ်။

(၅) မနက်စာပုံမှန်စားပါ

4

မနက်စာကို အလွတ်မခံပါနဲ့။ စားဖြစ်အောင် စားပါ။ မနက်စာဟာ တစ်နေ့တာအတွက် လုံလောက်တဲ့ စွမ်းအင်ကို ပေးပါတယ်။ ဒါပေမယ့် အခြား နေ့လည်စာ ညနေစာကိုလည်း မလွတ်တာ ပိုကောင်းပါတယ်။ အစားအစာကို အချိန်မလွန်စေဘဲ ပုံမှန်စားပေးမှ လူကလည်း ကျန်းမာတာ ဖြစ်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

4 (4 Votes)